၃. ၇. ၂၀၂၃
Written by Nay Aung
ထိုင်းစုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှတာဝန်ရှိသူများသည် ဇူလိုင် ၂ ရက်နေ့တွင် မြန်မာနိုင်ငံသား စီးပွားရေးသမားတစ်ဦးကို လိမ်လည်မှုကျူးလွန်မှုများအတွက် ၎င်း၏နေအိမ်၌ ဖမ်းဆီးလိုက်သည်။
အသက် ၃၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား မောင်ထက် ဆိုသူသည် ပြောင်းဖူးစေ့များ ဝယ်ယူပေးမည်ဆိုကာ ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့ကြောင်း ထိုင်းနိုင်ငံသားတစ်ဦးက တိုင်ကြားမှုများရှိခဲ့သည်။ အဆိုပါ တိုင်ကြားမှုနှင့်ပတ်သက်ပြီး ထိုင်းရဲဒုတိယဗိုလ်ချုပ်ကြီး Montri Thetkhan ဦးဆောင်သော ထိုင်းရဲတပ်ဖွဲ့သည် မောင်ထက်ဆိုသူကို ဖမ်းဆီးရန် ညွှန်ကြားခဲ့သလို ချင်းရိုင်ပြည်နယ် တရားရုံးကလည်း ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ထိုင်း CIB တာဝန်ရှိသူများနှင့် ထိုင်းရဲမှူးကြီး Rakphong Rakyu ဦးဆောင်သော ဖမ်းဆီးရေးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသားမောင်ထက် နေထိုင်နေသော Huai Khwang ဒေသ Chaturathit လမ်းပေါ်ရှိ ကွန်ဒိုကို စီးနင်းပြီး ဖမ်းဆီးခဲ့သည်။
ထိုင်းနိုင်ငံသားတစ်ဦးက မောင်ထက်ကို ပြောင်းဖူးများဝယ်ယူပေးရန် ငွေကြေးလွှဲပြောင်းပေးမှု ၆ ကြိမ် လုပ်ဆောင်ခဲ့ပြီး ထိုင်းဘတ်ငွေ ၃ သန်းခွဲ လွှဲပြောင်းပေးခဲ့သော်လည်း မောင်ထက်သည် ကတိအတိုင်း ပြောင်းဖူးများ လွှဲပြောင်းပေးခြင်းမရှိသလို အဆက်သွယ်လုပ်၍မရဘဲ ရှိနေခဲ့ကြောင်း ပြောဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့ဝင်များသည် မောင်ထက်၏အိမ်ကို ဝင်ရောက်ဖမ်းဆီးချိန်အတွင်း အဖမ်းမခံဘဲ ပြောဆိုမှုများကို ငြင်းဆန်ခဲ့၍ ဖမ်းဝရမ်းကို ပြခဲ့ရကြောင်း ထိုင်းရဲမှူးကြီး Rakphong Rakyu က ပြောသည်။ မောင်ထက်သည် လိမ်လည်မှုများ ကျူးလွန်ထားသည်ဆိုသော စွဲချက်များကို ငြင်းဆန်ထားသလို ယခင်တုန်းကလည်း ယင်းကဲ့သို့ ဖမ်းဆီးခံရခြင်းများမရှိခဲ့ကြောင်း ပြောဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အနေဖြင့် လိမ်လည်ခံရသူ၏ အခွင့်အရေးနှင့်စွပ်စွဲချက်များအပြင် ဖမ်းဝရမ်းအရ ဖမ်းဆီးရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားမောင်ထက်ဆိုသူကို ရှင်းပြကာ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ရဲစခန်းကို ခေါ်ဆောင်လာခဲ့ပြီး နောက်ထပ်စစ်ဆေးစုံစမ်းမှုများ လုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။
Ref–matichon