October 22, 2024

ဓာတ်ပုံ။ (ခ) ရပ်ကွက်အခြေပြုပရဟိတအသင်း၊ သာကေတမြို့နယ်လူမှုကူညီရေးအသင်း

၂၄. ၁၀. ၂၀၂၂

Written by Tha Doe

ကမာကြည်အမှတ်- ၂ တံတားပေါ်မှ အမျိုးသမီးငယ်တစ်ဦးခုန်ချသွားပြီး လက်ရှိအချိန်အထိ ရှာတွေ့မှုမရှိသေးကြောင်း သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်အခြေပြု ပရဟိတအသင်းထံမှ အောက်တိုဘာ ၂၄ ရက်တွင် သိရသည်။

ခုန်ချသွားသည့် အမျိုးသမီးငယ်၏ ပိုက်ဆံအိတ်၊ ဖုန်း အစရှိသည့် အသုံးအဆောင်များလည်း တံတားပေါ်တွင် ကျန်ခဲ့ပြီး အဆိုပါ အိတ်အတွင်းမှ Ninja Van Myanmar လိပ်စာကတ်များနှင့် ရင်ထိုးတစ်ခုတွေ့ရှိသဖြင့် မြစ်အတွင်းခုန်ချသွားသူအမျိုးသမီးငယ်အား သိရှိမှု ရှိ မရှိ Ninja Van Myanmar အား ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဥ်အား အတိအကျ သိရှိရမှုမရှိသေး​ကြောင်းနှင့် သိရှိပါက သတင်းထုတ်ပြန်ပေးမည်ဟု ပြောသည်။

“ရုံးဘက်ကနေ ရှာဖွေစစ်ဆေးမှုများကို သေချာလေး တာဝန်ယူဆောင်ရွက်ပေးနေပါတယ်” ဟု Ninja Van Myanmar မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၈နာရီခွဲခန့်တွင် ကမာကြည်တံတား အမှတ်-၂ ပေါ်မှ အသက်၂၀ခန့် အမျိုးသမီးငယ်တစ်ဦး ခုန်ချသွားကြောင်း သတင်းပေးပို့ချက်အရ တာဝန်ရှိသူများနှင့် သွားရောက်ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

“အခုထိတော့ ရှာမတွေ့သေးပါဘူး။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီရှာဖွေနေဆဲပါ” ဟု သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်အခြေပြုပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးငယ်ခုန်ချသွားသည့် ငမိုးရိပ်ချောင်းမှာ ရေစီးသန်၍ ရှာဖွေကယ်ဆန်ရန် လွယ်ကူမှုမရှိဟုလည်း ကူညီရှာ​ဖွေပေးနေသည့် သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *