၁. ၇. ၂၀၂၃
Written by Naing Thuta
ယမန်နေ့မနက်ပိုင်းက အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု အောင်မြေသာစံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၃၀ ရက်နေ့)မနက် ၉ နာရီထိုးစက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံသရက်ကုန်း၊ ၂၃ လမ်းနှင့်၂၄ လမ်းကြား၊ ၅၆ လမ်းပေါ်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၂၁ နှစ်အရွယ်ခန့်ရှိသော အမျိုးသားလူငယ်တစ်ဦးသည် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကြားသိရသဖြင့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေမှုသေခင်း အမှုဖွင့်လှစ်ထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။