November 10, 2024
oo1cydr9

၁. ၇. ၂၀၂၃
Written By Thandar

အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ အသံဖမ်းပညာရှင် မဥ္ဇူရုပ်ရှင်အသံ ဦးချစ်ဆွေဟာ ဇွန်လ ၃၀ ည ၇နာရီ ၄၀ က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် သေနတ်ပစ်ကွင်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

“ကိုချစ်ဆွေက အရင်က တို့ အစည်းအရုံးရဲ့ ရုပ်ရှင်ထူးချွန်ဆုအကဲဖြတ်အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ပါတယ်။ သူ့ကျန်းမာရေး မကောင်းတာ တော်တော်လေး ကြာနေပါပြီ။ အသံဖမ်းပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့သူပေါ့။ သူ့မှာလည်း ဆွေမျိုးသားချင်းတွေ သိပ်မရှိဘူးလို့သိထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ပြောပါတယ်။

ဦးချစ်ဆွေဟာ အသံဖမ်းဆရာ ရုပ်ရှင်သက်ကြီးကန်တော့ခံ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ကတော့ ၂၀၁၆ ၊ ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်အထိကတော့ မြန်မာ့ရုပ်ရှင်အစည်းအရုံး(ဗဟို) ရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အသံဖမ်း အကဲဖြတ်ဒိုင်အနေနဲ့ပါဝင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ရုပ်ရှင်လောကသားတွေကလည်း အသံဖမ်းပညာရှင်တစ်ယောက် ဆုံးရှုံးသွားလို့ ဝမ်းနည်းကြ‌ပါတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *