November 13, 2024
356198076_227777440207781_6671630856545540514_n

MT News

Written By Thandar

ပညာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးဖို့အတွက် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဉ် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇွန်လ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ အူရီဒူးမြန်မာရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

“တစ်မိနစ် ပြောတိုင်း ၁ ကျပ်အစီအစဉ်က ကျွန်မတို့ Ooredoo Myanmar ရဲ့ များစွာသော Program တွေထဲက အထိရောက်ဆုံး အချက်ပါ။ မြန်မာနိုင်ငံမှာ ပညာရေးဟာ တကယ်ကို လိုအပ်နေတဲ့ အခန်းကဏ္ဍမှာ ပါပါတယ်။ အရင် ၂၀၁၇ က စလုပ်ခဲ့တဲ့ တစ်မိနစ် ၁ကျပ် Program မှာ ဘုန်းတော်ကြီးသင် စာ‌သင်ကျောင်းတွေ၊ သီလရှင်စာသင်တိုက်တွေကို လှူဖြစ်ခဲ့ပါတယ်။ ကျပ်သိန်း‌ပေါင်း တစ်သောင်းကျော်တန်ဖိုးရှိ စာသင်ကျောင်းပေါင်း ၄၀ ကျော် တည်ဆောက်လှူဖြစ်ခဲ့တယ်။ ကိုဗစ်ကာလလည်း နည်းနည်းငြိမ်သွားပြီးမို့ ပြန်စဖြစ်တာပါ”လို့ အူရီဒူးမြန်မာရဲ့ Acting CEO မထားသန့်ဇင် က MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is 347261015_227777513541107_4460216426733216493_n.jpg

ပညာတတ်ကြီးဖြစ်ဖို့ စိတ်ကူးတွေရှိပေမယ့် စာသင်ကြားနိုင်မယ့် အခွင့်အလမ်းလိုအပ်နေကြတဲ့ ကလေးငယ်တွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်ဖို့ အူရီဒူး ချင်း သုံးသလောက်ပေးနှုန်းနဲ့ ဖုန်း ၁ မိနစ်ပြောတိုင်း အူရီဒူးကရရှိမယ့် အမြတ်ငွေထဲက ၁ ကျပ်ကို စာသင်ကျောင်းဆောက်ဖို့ လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်ကို ဇူလိုင်လ ၁ ရက်မှာစတင်ပြီး စက်တင်ဘာလကုန်အထိ သုံးလသတ်မှတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *