
MT News
Written By Thandar
ဆရာတော် အရှင် သီရိ စန္ဒသူရိယမထေရ်ရဲ့ ” သိက္ခာထပ် ဝိဇာတမွေးနေ့ မင်္ဂလာပွဲ”ကို ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ ပဋ္ဌာန်းကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ဆရာတော့်မွေးနေ့က ရိုးရိုးရှင်းရှင်းပါပဲ။ တပည့် သား ဆရာဝန်တစ်ယောက် သိက္ခာထပ်တယ်။ ဝိဇာတမွေးနေ့လုပ်တယ်။ ရေဖိုး ဝတ္ထု သိန်း ၃၀ လှူတယ်။ သံဃာတွေကို ဝတ္ထုကပ်တယ်။ ဒီနေ့ကတော့ တပည့်သားသမီးတွေကို ကျွေးမွေးတာပေါ့။ ကံမြှင့်တဲ့ သဘော စာရေးတံမဲတွေ ဖောက်ပေးတယ်”လို့ ဆရာတော် အရှင်သီရိ စန္ဒသူရိယမထေရ်က မိန့်ကြားပါတယ်။
ဒါ့အပြင် ရဟန်းဒါယကာ ဒေါက်တာငြိမ်းချမ်းကို နဲ့ ရဟန်းဒါယိကာမ မစိုးစိုးသန်းမိသားစုတို့က သိက္ခာထပ် ကံဆင့်ခြင်းမင်္ဂလာဆင်ယင်ကာ အရှင်သီရိ စန္ဒသူရိယမထေရ်ရဲ့ ၀ိဇာတမွေးနေ့ အလှူတော်မင်္ဂလာနဲ့အတူ သိမ်ဆင်းသံဃာ (၁၈)ပါးကို နေ့ဆွမ်းဆပ်ကပ် ကုသိုလ်ယူပါဝင်ခဲ့ပါတယ်။
“မနက်ဖြန် ရွှေပြည်သာမှာ လိုအပ်နေတဲ့ လူတွေ ဆန် အယောက် ၄၈၀ စာသွားလှူမယ်။ ဒီကာလမှာ အကုန်လုံးက အဆင်မပြေဖြစ်နေကြတော့လေ။ လှူတန်းဖြစ်ပါတယ်”လို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။
အဆိုပါ အခမ်းအနားမှာ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် သိန်းလင်းစိုး ၊ သရုပ်ဆောင်စည်သူဝင်း ၊ သရုပ်ဆောင် အိစိကွေး ၊ သရုပ်ဆောင် ထက်ဦးထွဋ် ၊ MC စွမ်းထက်အောင် ၊ မိတ်ကပ်ခင်စန်းဝင်း ၊ Beauty Blogger ဝင်းမင်းသန်း ၊ ဒီဇိုင်နာမျိုးမင်းစိုး ၊ အကယ်ဒမီ ခင်ဝင့်ဝါ ၊ အကယ်ဒမီ အေးမြတ်သူ စတဲ့ အနုပညာရှင်တွေက ဆရာတော့်ကို လာရောက်ဖူးမျှော် ကုသိုလ်ယူကြပါတယ်။
