MT News
Written by Peya
မွေထိုင်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အိုလန်ကို ပထမပိုင်းတွင်ပင် ရာမန်က အနိုင်ယူလိုက်သည်။
TGL-4 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ကျင်းပရာ အဓိကတွဲဆိုင်းအဖြစ် ရာမန်နှင့် ၆၉ ကီလိုတန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ
ထိုင်းနိုင်ငံသား အိုလန်တို့ အဓိက ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ရာမာန်က အိုလန်ကို ပထမအချီတွင်ပင် အနိုင်ယူလိုက်ခြင်းဖြစ်သည်။
ရာမန် နှင့် အိုလန် တွဲဆိုင်းတွင် လက်ရည်အသာဖြင့် ရာမန်ကဦးဆောင်ထိုးခဲ့ခြင်းဖြစ်ပြီး လည်ပင်းဒဏ်ရာရသွားသည့် အတွက် ဒိုင်ပွဲရပ်ဖြင့် ရာမန်အနိုင်ရခဲ့သည်။
ထို့အတူ ဒုတိယ ခေါင်တွဲဆိုင်းကလည်း ပရိတ်သတ်အကြိုက် ထွန်းမင်းအောင်နှင့် အောင်ခိုင်တို့ ဖြစ်ပြီး ထွန်းမင်းအောင်က အမှတ်ဖြင့်သာ အနိုင်ရခဲ့သည်။