MT News
Written by Min Mahar
လယ်ကွင်းထဲ၌ သခွတ်ပွင့်သွားကောက်သော အဖွားအိုတစ်ဦး PDF များထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိမှု ယမန်နေ့မနက်ပိုင်းက ခင်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၄ ရက်နေ့)မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မန်ကျီးတုံကျေးရွာတွင် နေထိုင်သည့် အသက် ၈၃ နှစ်အရွယ် အဖွားအိုသည် ရွာ၏မြောက်ဘက်တစ်မိုင်ခန့်အကွာရှိ လယ်ကွင်းထဲ၌ သခွတ်ပွင့်ကောက်ရန်သွားရောက်စဉ် ရွာပြင်လှည်းလမ်းသို့အရောက် လမ်း၏ဝဲဘက်ခြမ်းမှ PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းကားဖြင့် ရွှေဘိုမြို့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် အဖွားအိုအမျိုးသမီးကြီးသည် ဝဲဘက်ခြေသလုံးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာက်တံတောင်ဆစ် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ယာဘက်ပေါင်စုတ်ပြဲဒဏ်ရာ၂ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်းလည်း သိရသည်။