၂၆. ၆. ၂၀၂၃
Written by Naing Thuta
MG Mobile Second ဖုန်းဆိုင်ကို လူ ၃ ဦးက နေ့ခင်းကြောင်တောင် ဓားထောက်အနုကြမ်းစီးကာ ဖုန်း ၁၁ လုံးလုယူသွားမှုမန္တလေးမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြား၊ ၈၆ လမ်း(ရွှေတချောင်းလမ်း)ပေါ်ရှိ MG Mobile Second ဖုန်းဆိုင်အား အမျိုးသားလူငယ် ၃ ဦးက Mask များကိုယ်စီတပ်ထား၍ ဆိုင်ဝန်ထမ်းများကို ဓားထောက်ကာ အနုကြမ်းစီးသွားပြီး ဖုန်း ၁၁ လုံးကိုယူဆောင်သွားကြောင်း ဖုန်းအလုခံရသည့်ဆိုင်မှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။
အဆိုပါအနုကြမ်းစီးသွားသောသူများသည် Vivo Y51C – Ram3/32Gb (3502)၊ Vivo Y51C – Ram4/64Gb (6805)၊ Vivo Y10. – Ram4/64Gb (6762)၊ Oppo A5(2020) – Ram4/128Gb (4650)၊ Oppo A31 – Ram6/128Gb (8577)၊ Oppo A53 – Ram4/64Gb (7513)၊ Oppo F7 – Ram 6/128Gb (7736)၊ Redmi 10 – Ram 6/128Gb (4165)၊ Redmi Note11 Ram6/128Gb (4508)၊ Redmi Note11 – Ram6.128Gb နှင့်
Redmi Note11E 5G – Ram4.128Gb(1661)ဖုန်းများ လုယူသွားပြီး ထိုဖုန်းများ လာရောက်ရောင်းချခဲ့လျှင် 09-444 632 220 သို့ ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံထားပြီး ဆက်သွယ်ပေးသူများကိုလည်း ကျေးဇူးဆပ်ပါ့မည်ဟု MT News သတင်းဌာနသို့ ပြောသည်။