October 22, 2024

MT News

အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ၏ အရေးယူဆောင်ရွက်မှုတွင် ပြည်ပရောက်မြန်မာလုပ်သားများ၏ လွှဲပို့ငွေများနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီငွေကြေးများအား ကြပ်မတ်မည်မဟုတ်သည့်အတွက် အဆိုပါကဏ္ဍများ၌ ထိခိုက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေးဆိုင်ရာအရေးယူမှုများကို လုပ်ဆောင်ရန်၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီတွင် ကတိကဝတ်ပြုခဲ့သည်။ မြန်မာနိုင်ငံ၏ ယင်းအရေးယူလုပ်ဆောင်မှုသည် ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ခုနှစ် အောက်တိုဘာ နောက်ဆုံးထား၍ ၎င်း၏အရေးယူလုပ်ဆောင်မှုများကို မြန်မြန်ဆန်အပြီးသတ်ရန် နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။

ယင်းသို့အပြီးသတ်လုပ်ဆောင်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များနှင့် တရားစီရင်ခွင့်အား အသုံးပြု၍ မြန်မာနိုင်ငံနှင့်စီးပွားရေးဆက်ဆံမှုများနှင့် ငွေကြေးလွှဲပြောင်းမှုများအပေါ် အထူးသတိပြုစိစစ်ဆောင်ရွက်သွားရန် တိုက်တွန်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၎င်းအားပေးအပ်ထားသည့် လုပ်ငန်းစဉ်များလုပ်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် ၎င်း၏အရေးယူလုပ်ဆောင်ချက်များအနက် အဓိက အချက်များကို သတ်မှတ်ကာလကျော်လွန်ပြီးတစ်နှစ်ပြည့်သည့်အထိ လုပ်ဆောင်ခဲ့ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် နိုင်ငံတကာငွေကြေး ခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သည် နောက်ထပ်အရေးယူမှုများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ရန်လိုအပ်နေပြီး မြန်မာနိုင်ငံ၏ဖြစ်ပေါ် နေသော အရေးကိစ္စအပေါ်သင့်လျော်သည့်အရေးယူဆောင်ရွက်များလုပ်ဆောင်ရန် အဖွဲ့ဝင်များနှင့် အခြားတရားစီရင်ခွင့်များအားအသုံးပြုမည်ဟု ဆုံးဖြတ်ခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများနှင့် ပြည်ပရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏လစာပြန်လွှဲ ငွေများပေးပို့ခြင်းများအပေါ် ထိခိုက်မှုမရှိစေရဟု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် (၁) အဓိကနယ်ပယ်များ၌ ငွေကြေးခဝါချမှုမျာအား ဖော်ပြရန် ပျက်ကွက်ခြင်း၊ (၂) အတွင်းအပြင်စစ်ဆေးခြင်းများက ဘေးအန္တရာယ်မြင့်မားစေမှုနှင့် ဟွန်ဒီ ငွေကြေးလုပ်ငန်းရှင်က ကြီးကြပ်ထားမှုများကို ဖော်ပြရန်ပျက်ကွက်ခြင်း၊ (၃) LEA စုံစမ်းစစ်ဆေးမှုများတွင် ငွေကြေးထောက်လှမ်းမှု အသုံးပြုမှုကို ဖော်ပြရန်ပျက်ကွက်ခြင်း၊ (၄) ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးရန်သေချာမှုမရှိခြင်း၊ (၅) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ငွေကြေးခဝါချမှုကိစ္စများအား စုံစမ်းစစ်ဆေးမှုကို ဖော်ပြရန်ပျက်ကွက်ခြင်း၊ (၆) နိုင်ငံတော် ဘဏ္ဏာဖြစ်သိမ်းယူသော ပြစ်မှုဆိုင်ရာ ငွေကြေးအမြတ်အစွန်းများ၊ ပစ္စည်းများနှင့် တန်ဖိုးတူညီသည့် မြေယာအဆောက်အဦများ တိုးမြှင့်လာမှုကိုဖော်ပြရန် ပျက်ကွက်ခြင်း၊ (၇) နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းဆည်းရမိပစ္စည်းများ၏တန်ဖိုးကို ထိန်းသိမ်းရန် သိမ်းဆည်းရမိအဖိုးတန်ပစ္စည်းများအား စီမံခန့်ခွဲရန်ပျက်ကွက်ခြင်း၊ (၈) PF နှင့်သက်ဆိုင်သော ငွေကြေးပိတ်ဆို့မှုများအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ အပါအဝင် ကိုင်တွယ်ဖြေရှင်းရမည့် အရေးယူဆောင်ရွက်ချက်များကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သည် မြန်မာနိုင်ငံအား လုပ်ဆောင်ရမည့် အရေးယူဆောင်ရွက်များကို အပြီးသတ်ရန်တိုက်တွန်းထားပြီး ၎င်းအရေးယူမှုများအား အပြည့်အဝလုပ်ဆောင်နိုင်မှု မရှိသေးသည်အထိ မြန်မာနိုင်ငံအနေဖြင့် အမည်ပျက်စာရင်း၌ ဆက်လက်သတ်မှတ်ခံထားရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *