၂၃. ၆. ၂၀၂၃
Written by Ye Kyaw
မြန်မာအမျိုးသားလေကြောင်း (MNA)မှ ပထမဦးဆုံး ဗန်းမော်-လားရှိုး၊ လားရှိုး-ဗန်းမော် ခရီးစဥ်ကို ဇွန်လ ၂၈ ရက်တွင် စတင်ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ရှမ်းပြည်နယ် လားရှိုးမြို့သို့ လေကြောင်းခရီးစဥ်ပျံသန်းမှုကို တစ်ပတ် တစ်ကြိမ်ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပြီး မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA)မှ ATR 72-600 လေယာဥ်ဖြင့် ပျံသန်းပြေးဆွဲပေးမည်ဖြစ်သည်။
“တစ်ပတ်ကို တစ်ရက်ပေါ့။ ဗုဒ္ဓဟူးနေ့တိုင်း ပြေးဆွဲဖို့ရှိတယ်။ လောလောဆယ်တော့ ဒီဇွန်လ ၂၈ ဗုဒ္ဓဟူးနေ့နဲ့ နောက်လာမယ့် ဗုဒ္ဓဟူးနေ့အတွက်တော့ Schedule ဆွဲထားပြီးပြီ။ နောက်ပိုင်းအတွက်တော့ Schedule မတင်ရသေးဘူး” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါခရီးစဥ်တစ်ကြောင်း (One Way)အတွက် ပြည်တွင်းခရီးသည်တစ်ဦးလျှင် ကျပ် ၁၉၀,၀၀၀ နှင့် နိုင်ငံခြားခရီးသည်တစ်ဦးလျှင် ၁၂၄ ဒေါ်လာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။