MT News
Translated by Htwe Ko Tun
ကမ္ဘာပေါ်မှာ နည်းပညာအမြင့်မားဆုံး အွန်လိုင်း လူမှုကွန်ရက်နှစ်ခုကို ပိုင်ဆိုင်ထားကြတဲ့ ဘီလျံနာသူဌေးကြီးနှစ်ဦးဖြစ်တဲ့ အီလွန်မတ်စ် နဲ့ မာ့က်ဇူကာဘာ့ဂ်တို့နှစ်ဦးက လက်ဝှေ့ကျော်နပန်းသမားတွေလို လှောင်အိမ်ထဲမှာ တိုက်ပွဲဝင်ထိုးသတ်ကြဖို့ သဘောတူထားကြပါပြီ။
ဦးစွာ အီလွန်မတ်စ်က သူပိုင်လူမှုကွန်ရက် Twitter မှာ ဇူကာဘာ့ဂ်နဲ့ ထိုးသတ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာပါ။ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ပိုင်ရှင် ဇူကာဘာ့ဂ်ကလည်း အီလွန်မတ်စ်ရဲ့ တွစ်တာ စာမျက်နှာမှာ “နေရာကိုသာပြောပါ” လို့ ပြန်လည်ရေးခဲ့တာပါ။ ဒီ့အပေါ် အီလွန်မတ်စ်ကလည်း ဇူကာဘာ့ဂ် ကို “လာ့စ်ဗီးဂါးစ် က ရှစ်ထောင့်လှောင်အိမ်ထဲမှာပေါ့”လို့ တုံ့ပြန်ရေးခဲ့ပြန်တာပါ။
Octagon လို့ ခေါ်ကြတဲ့ ရှစ်ထောင့်လှောင်အိမ်က Ultimate Fighting Championship (UFC) ရဲ့ နပန်း လက်ဝှေ့ကျော်တွေ ထိုးသတ်ကြရာနေရာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂါးစ်မြို့မှာအခြေစိုက်တာပါ။
လှောင်အိမ်ထဲမှာ ထိုးသတ်ကြဖို့ အပြန်အလှန်စိန်ခေါ်နေတဲ့ ကမ္ဘာကျော်ဘီလျံနာနှစ်ဦးမှာ အီလွန်မတ်စ် က အသက် ၅၂ နှစ်ရှိပြီး ဇူကာဘာ့ဂ်က ၃၉ နှစ်ပါ။ လက်ရှိမှာတော့ ဇူကာဘာ့ဂ်က ကိုယ်ခံထိုးသတ်လေ့ကျင့်မှု MMA ကိုလေ့ကျင့်နေပြီး ဂျပန်ကိုယ်ခံအားကစားနည်းဖြစ်တဲ့ ဂျူဂျစ်ဆု ပြိုင်ပွဲတွေလည်း အနိုင်ရခဲ့သူပါ။
ဒါပေမဲ့ အီလွန်မတ်စ်က အရပ် ၆ ပေ ၂ လက်မနီးပါးရှိပြီး ဇူကာဘတ်ချ်က ၅ ပေ ၈ လက်မနီးပါးသာရှိတဲ့ လူဖလံမို့လို့ ပေဝက်လောက်ကွာနေပြီး ဘာသိုင်းတွေ တတ်ထားလဲမသိတဲ့ မတ်စ်နဲ့ ဘာ့ဂ်တို့ရဲ့ ထိုးသတ်ပွဲသာ တကယ်ဖြစ်လာရင်တော့ ကမ္ဘာကျော်ဘီလျံနာနှစ်ဦးရဲ့ သမိုင်းဝင်ထိုးသတ်ပွဲဖြစ်လာမှာဖြစ်သလို လက်ရှိမှာကို သူ့တို့တကယ်ထိုးသတ်ဖြတ်မဖြစ် ကမ္ဘာတဝှမ်းလုံးက စိတ်ဝင်စားနေကြပါပြီ။
Ref—–BBC