October 22, 2024

ယာဥ်တိုက်မှုအား မီးသတ်ဦးစီးဌာနက ကူညီပေးနေစဥ် (Photo - MFSD)

MT News

Written by Tha Doe

ရွှေစင်စင်္ကြာနှင့် အိမ်စီးကား ယမန်နေ့ ညပိုင်းက တိုက်မိသဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည ၆ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာအနီး၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၆/၆)နှင့် (၁၀၆/၇) ကြားတွင်ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီတွင် ကယ်ဆယ်ရေးလုပ်ငန်းပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ခရီးသည်တင် ယာဉ်ပေါ်ပါကျား(၂)ဦး၊ မ(၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း အိမ်စီးယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးအနက် ၂ ဦးထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ထိခိုက်ဒဏ်ရာရသူနှစ်ဦးနှင့် သေဆုံးသူတို့အား ဘက်စုံလူမှုကူညီရေးအဖွဲ့မှ သူနာတင်ယာဉ်ဖြင့် ပုသိမ်မြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *