၁၉. ၆. ၂၀၂၃
Written By Thnadar
ဇွန်လ ၁၉ ရက်ကနေ ဇွန်လ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပဉ္စမအကြိမ်ကျင်းပမယ့် Mister National Universe 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Mister National Universe Myanmar 2023 ပိုင်စိုးခန့်က သွားရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။
“ကျွန်တော့်မှာ ပြင်ဆင်ချိန်သိပ်မရဘူး။ အဲ့ဒီအတွက် Body ပိုင်းဆိုင်ရာကိုတော့ အရမ်းကြီးတော့ မျှော်လင့်လို့ မရဘူး။ Body မှာရှိတဲ့ အဆီတွေကို အတတ်နိုင်ဆုံး အဆီချဆေးသောက်ပြီးတော့ Train နေတယ်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့အကြောင်းအရာကတော့ ကျွန်တော့ဘဝမှာ ပထမဆုံး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ယှဥ်ပြိုင်နိုင်ခဲ့တဲ့ အမှတ်တရတစ်ခုရှိချင်တယ်။ ပြီးတော့ မြန်မာ့ရိုးရာကို ကမ္ဘာမှာလည်း ချပြချင်တဲ့ရည်ရွယ်ချက်တွေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ရခြင်းလည်းဖြစ်တယ်။ မြန်မာပြည်က ပရိသတ်တွေအနေနဲ့လည်း ဝန်းရံအားပေးပြီး Supporting ပေးကြပါလို့ ရလဒ်ကောင်းတစ်ခုထွက်အောင် အတတ်နိုင်ဆုံးကြိုးစားပါမယ် ခင်ဗျ။ ကျွန်တော်က အခု Activity အနေနဲ့ HIV/AIDS အတွက် volunteer အဖြစ် ဝင်ရောက်ကူညီ ပံ့ပိုးပေးနေတယ်”လို့ Mister National Universe Myanmar 2023 ပိုင်စိုးခန့်က MT News ကို ပြောပါတယ်။
သူကတော့ Activity အနေနဲ့ HIV/ AIDS အတွက် Volunteer အဖြစ် ဝင်ရောက်ကူညီပံ့ပိုးသွားမှာ ဖြစ်ပြီး Talent ပိုင်းကိုလည်း Dancer ကိုအဓိကချပြသွားမယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား ၊ မလေးရှား ၊ တောင်အာဖရိက ၊ ဖိလစ်ပိုင် ၊ ဂျပန် ၊ ကိုရီးယား စတဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က အလှမောင်တွေနဲ့ အတူ Mister National Universe Myanmar 2023 ပိုင်စိုးခန့်က အကောင်းဆုံး ယှဥ်ပြိုင်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော့်ရဲ့ ပထမဆုံးအတွေ့အကြုံ ပထမဆုံးခြေလှမ်းကို တစ်ယောက်ထဲပဲသွားဖြစ်မှာဆိုတော့ အရမ်းစိတ်လှုပ်ရှားတယ်။ နိုင်ငံပေါင်း ၃၀ ကျော် ဝင်ရောက် ယှဥ်ပြိုင်မှာဆိုတော့ နိုင်ငံအလိုက်အကောင်းဆုံး ပြင်ဆင်လာကြလိမ့်မယ်။ အဲ့ဒီအတွက်လည်း အရမ်းစိတ်လှုပ်ရှားတယ်။ ယှဥ်ပြိုင်မှု ပွဲကောင်းတစ်ပွဲဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Talent ပိုင်းကတော့ ကျွန်တော်အရင်က Dancer တစ်ယောက်ဖြစ်ခဲ့တယ်။ အဲ့ဒီတော့ Talent ပိုင်းကိုတော့ အဲ့ဒါသုံးဖြစ်မယ်။ Myanmar Beauty Paradise Organization က စေလွှတ်ခြင်း ဖြစ်ပါတယ်”လို သူကဆက်ပြောပါတယ်။
Mister National Universe Myanmar 2023 ပိုင်စိုးခန့်က မြန်မာပြည်ကနေ ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ထိုင်းနိုင်ငံကို သွားရောက်ဖိုစီစဥ်ထားပေမဲ့လည်း လေယာဥ်လက်မှတ် အခက်အခဲကြောင့် မနက်ဖြန် ဇွန်လ ၂၀ မှ မြန်မာပြည်က စတင်ထွက်ခွာမှာဖြစ်ပါတယ်။