November 1, 2024

MT News

Written by Nay Aung

အင်ဒိုနီးရှားရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (KKP) သည် ဇွန်လ ၁၇ ရက် ညနေပိုင်းတွင် မလေးရှားအလံလွှင့်ထူထားသော ငါးဖမ်းလှေနှင့်အတူ မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှား ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Adin Nurawaluddin က မြန်မာနိုင်ငံသားများ အလုပ်လုပ်နေသော မလေးရှားအလံလွှင့်ထူထားသည့် ငါးဖမ်းလှေကို မလက္ကာရေလက်ကြားရှိ အင်ဒိုနိးရှား အထူးစီးပွားရေးဇုန်နားတွင် တရားမဝင် ငါးဝင်ဖမ်းခြင်းကြောင့် ဖမ်းဆီးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အင်ဒိုနီးရှား Hiu 16 အမျိုးစား ကင်းလှည့်ရေယာဉ်သည် အဆိုပါ ငါးဖမ်းလှေကို တွေ့ရှိခဲ့ပြီးနောက် လိုက်လံဖမ်းဆီးခဲ့ရာ မလေးရှားအလံလွှင့်ထူထားသော KM SLFA 5323 အမည်ရှိ ငါးဖမ်းလှေကို ဖမ်းဆီးရမိခဲ့ကြောင်း အင်ဒိုနီးရှား ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အဆိုပါငါဖမ်းလှေပေါ်တွင် လိုက်ပါ အလုပ်လုပ်နေသော သူများသည် မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းလျက်ရှိနေကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။ အဆိုပါ မြန်မာနိုင်ငံသား ငါးဖမ်းသမားများသည် ဥပဒေချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိရမည်ဆိုလျှင် အနည်းဆုံးထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်သလို အင်ဒိုနီးရှားရူပီး၂ ဘီလျံ ဒဏ်ရိုက်ခံရဖွယ်ရှိနေကြောင်း သိရသည်။

အင်ဒိုနီးရှားအာဏာပိုင်များသည် လက်ရှိအချိန်တွင် မလေးရှားအလံလွှင့်ထူထားသော KM KHF 2226 အမည်ရှိငါးဖမ်းလှေကို သိမ်းယူထားကြောင်း သိရသည်။

Ref—antaranews

Leave a Reply

Your email address will not be published. Required fields are marked *