November 1, 2024

Photo-CJ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

MT News

Written by Nay Moe

အဂတိလိုက်စားမှုအပါအဝင် အမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုဆန္ဒပြမှုကို ရန်ကုန်လူငယ်တွေက ဇွန်လ ၁၈ ရက် မနက်မှာ ပြုလုပ်ခဲ့ပါတယ်။

“ရန်ကုန်လူငယ်တစ်စုရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ဆန္ဒပြပွဲကို အဖမ်းအဆီးများကြားက ကျိုက်ဝိုင်းဘုရားလမ်းမပေါ်တွင် ပြုလုပ်ခဲ့ကြပါသည်” လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူမဟာ နေပြည်တော်အကျဥ်းထောင်မှာ အဂတိမှုအများအပြားအပါအဝင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပေမဲ့ လွတ်ငြိမ်းသက်သာခွင့်တွေ ချုပ်ရက်လျှော့ပေါ့မှုတွေတော့ ခံစားခွင့်ရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *