November 1, 2024

၁၉. ၆. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းဒေသအတွင်း ယနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်း ထိုင်းစံတော်ချိန် ၈ နာရီ ၄၀ ခန့်က လှုပ်ခတ်သွားခဲ့သော ငလျင်၏လှုပ်ခတ်မှုဒဏ်ကို ထိုင်းနိုင်ငံ နွံသာဘူရီပြည်နယ်နှင့် မြို့တော် ဘန်ကောက်တို့အထိ အထူးသဖြင့် အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်ကြသူများ သိရှိခံစားခဲ့ရကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ မိုးလေဝသဌာနက ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့သောနေရာမှာ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ဖော့ဖရား ခရိုင်၏ အနောက်တောင်ဘက် ၂၈၉ မိုင်အကွာ မြေအနက် ၁၀ ကီလိုမီတာအကွာတွင်ဖြစ်ပြီး ပြင်းအား ၆ မဂ္ဂနီကျူ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ မိုးလေဝသဌာနကမူ ဇွန်လ ၁၉ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၀ တွင် ဖျာပုံမြို့၏ အရှေ့တောင်ဘက် မိုင် ၇၀ ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၁ မဂ္ဂနီကျူ့ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ပျက်စီးထိခိုက်မှု သတင်းများကိုမူ လောလောဆယ်မသိရသေးဟု သိရသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *