November 1, 2024

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဘိုဟောလ်ကျွန်းအနီး ကူးတို့သင်္ဘော M/V Esperanza Star ဇွန်လ ၁၈ ရက် နံနက်ပိုင်းက မီးလောင်နေစဥ်။

MT News

Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ပင်လယ်ပြင်အတွင်း ကူးတို့သင်္ဘောတစ်စီး ယနေ့ ဇွန်လ ၁၈ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ သင်္ဘောပေါ်ပါ ခရီးသည် ၁၂၀ ဦးစလုံးကို ကယ်တင်လိုက်ရကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ခရီးသည် ၆၅ ဦး၊ သင်္ဘောအရာရှိနှင့် ဝန်ထမ်း ၅၅ ဦးလိုက်ပါလာသော အဆိုပါ M/V. Esperanza Star ကူးတို့သ​င်္ဘောမှာ ဘိုဟောလ်ကျွန်းတောင်ဘက် ဆီကွီဂျောကျွန်းမှထွက်ခွာလာစဥ် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း လည်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့၏ မီးသတ်တပ်ဖွဲ့ဝင်များက အခြားသင်္ဘောတစ်စီးပေါ်မှနေ၍ ရေပိုက်များဖြင့် ငြှိမ်းသတ်ခဲ့ကြရသည်။ မီးလောင်ကျွမ်းမှုက ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင်စတင်​ဖြစ်ပွားခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။ မီးလောင်ကျွမ်းမှု၏ အကြောင်းရင်းကိုမူ သေချာစွာမသိရသေးပေ။

ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စီးက မီးငြှိမ်းသတ်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။ သင်္ဘော မီးလောင်ကျွမ်းမှုမှ ကယ်ဆယ်ခဲ့ရသော ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများ မည်သည့် နေရာတွင်ထားရှိကြောင်းနှင့် ၎င်းတို့၏အခြေအနေများကို ဖွင့်ဟပြောကြားခြင်းမရှိသေးပေ။

ဖိလစ်ပိုင်နိုင်ငံမှာ ကျွန်းပေါင်း ၇,၆၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်၍ ကူးတို့သင်္ဘောများပေါ်တွင် ခရီးသည်မတန်တဆတင်ဆောင်မှုနှင့် သက်တမ်းလွန်သင်္ဘောများကို အသုံးပြုနေမှုကြောင့် နိုင်ငံ၏ရေကြောင်းသွားလာရေး စိတ်ချလုံခြုံရမှုမှာ အလွန်ဆိုးဝါးလျက်ရှိသည်။

မတ်လအတွင်းကလည်း ဖိလစ်ပိုင်နိုင်ငံ​တောင်ပိုင်းတွင် ခရီးသည် ၂၅၀ ခန့်ပါဝင်သော ကူးတို့သင်္ဘောတစ်စီးမီးလောင်ခဲ့သေးရာ ခြောက်လသားကလေးငယ်တစ်ဦးအပါအဝင် ခရီးသည်နှစ်ဒါဇင်ကျော်သေဆုံးခဲ့ရသေးသည်။

Ref—- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *