MT News
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံအတွင်း ခါဆန်ဒေသအတွင်းရှိ ကာကော့ဗ်ကာဆည် ဇွန် ၆ ရက်တွင် ကျိုးပေါက်ပျက်စီးခဲ့မှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ၌ သေဆုံးရသူအရေအတွက်မှာ ၁၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ယူကရိန်းအစိုးရအရာရှိများက ပြောခဲ့ကြပြီး ခါဆန်ဒေသအတွင်းရှိ ရုရှားထိန်းချုပ်သောနယ်မြေများတွင်လည်းသေဆုံးသူ ၂၉ ဦးအထိ ရှိလာကြောင်း ရုရှားအရာရှိများက ပြောခဲ့ကြသည်။
ကာကော့ဗ်ကာဆည် ကျိုးပေါက်ပျက်စီးပြီးနောက် ယူကရိန်းနိုင်ငံတောင်ပိုင်းနှင့် ရုရှားထိန်းချုပ်ထားသော ယူကရိန်းနယ်များတွင် ရေလွှမ်းမိုးမှုကြီးမားစွာဖြစ်ပေါ်ခြင်းက စိုက်ပျိုးလယ်ယာများကိုပျက်စီးစေခဲ့ပြီး အရပ်သားများသို့ စိုက်ပျိုးသီးနှံများ ထောက်ပံမှုကို ဖြတ်တောက်ခဲ့ရသည်။
ယူကရိန်းနိုင်ငံအတွင်း ခါဆန်နှင့် မီကိုလေ့ဗ်ဒေသများတွင် ရေလွှမ်းမိုးနယ်မြေများ၌ ပြည်သူ ၃,၆၀၀ ကျော်ကို ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရပြီးလူ ၃၁ ဦးပျောက်ဆုံးလျက်ရှိကာ အိမ်ခြေ ၁,၃၀၀ ခန့် ရေနစ်မြုပ်ခဲ့ရကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၁၇ ရက် ညပိုင်းတွင် Telegram ၌ ကြေညာခဲ့သည်။
ကာကော့ဗ်ကာဆည် ကျိုးပေါက်ပျက်စီးရခြင်းအတွက် တိုက်ခိုက်မှုများကို ရုရှားအစိုးရကပြုလုပ်ခဲ့သည်ဟု ယူကရိန်းအစိုးရက စွပ်စွဲလျက်ရှိသည်။ တစ်ဖက်တွင်လည်း ရုရှားအစိုးရက ယူကရိန်းအစိုးရ၏ ခရိုင်းမီးယားဒေသအတွက် အဓိကရေအရင်းအမြစ်နေရာကို ဖြတ်တောက်ရန်နှင့် ယူကရိန်းတို့၏ ရုရှားဘက်သို့ တန်ပြန်ထိုးစစ်များကို အာရုံပြောင်းစေရန်အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ရှိရာ ကာကော့ဗ်ကာဆည်အား ယူကရိန်းတို့က ဖျက်စီးခဲ့ခြင်းဟု ပြန်လှန်စွပ်စွဲလျက်ရှိသည်။
Ref- Reuters