◾️ ရုပ်အလောင်းပျက်စီးကာ မမှတ်မိနိုင်လို့ ပိုင်ရှင်မဲ့ဖြစ်နေရ
၁၉. ၆. ၂၀၂၃
Written by Hey Mar
ရွှေပြည်သာတံတားအဆင်း ဧရာမြေမှတ်တိုင်အနီးမှာ မနေ့က ဇွန်လ ၁၈ ရက် ည ၁၀ နာရီခန့်အချိန်က၊ အသက် ၆၀ ဝန်းကျင်ခန့်ရှိတဲ့ အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး ဦးခေါင်းကြေမွသေဆုံးခဲ့တယ်လို့ ပရဟိတ အသင်းတချို့ကနေ သိရပါတယ်။
အဲ့ဒီ့ အမျိုးသားကို တိုက်သွားတဲ့ ကားကိုလည်း မသိရှိရဘဲ သက်ဆိုင်ရာက စုံစမ်းစစ်ဆေး ရှာဖွေနေတယ်လို့ သိရပါတယ်။ ဦးခေါင်းကြေပြီး မျက်နှာပျက်စီးသွားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ သိရှိဖို့ ခက်ခဲနေပြီး ပိုင်ရှင်ရှာမရဖြစ်နေတယ်လို့ မြေပြင်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းက ဆိုပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အကူအညီတောင်းခံချက်အရ ကနောင်နာရေးကူမှုအသင်းက နိဗ္ဗာန်ယာဥ်နဲ့ အင်းစိန်ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ရာမှာ ဆေးရုံက PR-25 နဲ့ လက်ခံထားတယ်လို့ သိရပြီး ယာဥ်တိုက်ပြေးတာကိုခံရတဲ့ အမျိုးသားက ဦးခေါင်းကြေမွသွားတဲ့အတွက် မျက်နှာအနေအထား ပျက်စီးနေတာကြောင့် ဘယ်သူ ဘယ်ဝါဆိုတာကို အနီးဝန်းကျင်ကလည်း မသိကြဘဲ ပိုင်ရှင်ရှာမရဖြစ်နေပြီး သေဆုံးသူ ဒါမှမဟုတ် သူ့မိသားစုကို သိရင်လည်း အသိပေးအကြောင်းကြားပေးဖို့ ပရဟိတအသင်းက မေတ္တာရပ်ခံထားပါတယ်။