MT News
Written by Thettant
တရုတ်အသင်းကို လေးဂိုးပြတ်ရှုံးတဲ့ မြန်မာ
မြန်မာနဲ့ တရုတ်လက်ရွေးစင်အသင်းတို့ရဲ့ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲကို ဒီနေ့ ဇွန်လ ၁၆ ရက်၊ မြန်မာစံတော််ချိန် ညနေ ၅ နာရီက တရုတ်နိုင်ငံ ဒါလီယန်းမြို့မှာ ယှဥ်ပြိုင်ခဲ့ရာမှာ မြန်မာအသင်းဟာ တရုတ်အသင်းကို လေးဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
တရုတ်အသင်းအတွက် ဂိုးတွေကို L . P. Zhang က ၂၉ မိနစ်၊ L . Liangming က ၃၅ မိနစ်၊ Wu Lei က ၇၅ မိနစ်နဲ့ ၈၁ မိနစ်တို့မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီနေ့တရုတ်အသင်းကို ထပ်မံရှုံးနိမ့်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ၁၅ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်မှာ မကာအိုအသင်းနဲ့ ခြေစမ်းပွဲဆက်ကစားရမှာဖြစ်လို့ ဒီပွဲမှာ နိုင်ပွဲရယူနိုင်မလား စောင့်ကြည့်ရပါမယ်။
နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာ၊ အမကကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများကို ကျောင်းမဖွင့်ရန်နှင့် CDM ပြုလုပ်ရန် PDF ၆ ဦး လာရောက် ခြိမ်းခြောက်
မနေ့က ဇွန်လ ၁၅ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်မှာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာ၊ သာယာကုန်း အမကကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးအပါအဝင်ဆရာမ ၄ ဦးရှိနေချိန် PDF ၆ ဦးက ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မာဌေးနဲ့ဆရာမတွေကို ကျောင်းမဖွင့်ဖို့ CDM လုပ်ဖို့ ခြိမ်းခြောက်ပြောဆိုကာ ပြန်ထွက်သွားတယ်လို့ သိရပါတယ်။ အဲဒီကျောင်းဟာ ဆရာမ ၄ ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ ၅၀ ကျော် ပညာသင်ယူနေတာပါ။ လက်ရှိမှာတော့ လုံခြုံရေးဆောင်ရွက်ပေးနေရတယ်လို့လည်း သိရပါတယ်။
SAC တပ်နဲ့ SSPP/SSA အကြား စစ်ရေးတင်းမာပြီး စစ်မက်အတွက် ပြင်ဆင်နေ
ပင်လုံ၊ လဲချား၊ မိုင်းနောင်တောင်ပိုင်းက SSPP/SSA စစ်ကြောင်းတွေ ဆုတ်ခွာဖို့ SAC ဘက်က တောင်းဆိုခဲ့တာကို SSPP/SSA ဘက်က စစ်ကြောင်းပြန်မဆုတ်ပေးနိုင်ဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့တာကြောင့် SAC ဘက်က လက်နက်ကြီးပြင်ဆင်မှုပြုလုပ်နေသလို SSPP/SSA ကလည်း စစ်ပြင်နေတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
SAC တပ်တွေက လဲချားမြို့တောင်ဘက် လွိုင်နမ့်တွန်တောင်အနီးနဲ့ ပင်လုံ-လဲချား အကြားက လွိုင်ခေတောင်ခြေမှာ 81mm လက်နက်ကြီးတပ်ဆင်ထားပြီး လဲချားမြို့နယ် နားမင်းအုပ်စု ကောင်းဆန်းအနီးရှိ SSPP/SSA စစ်ကြောင်းကို မျက်နှာမူထားတဲ့လူအင်အား ၃၀၀ ခန့်နဲ့ ချည်းကပ်လာတာကြောင့် SSPP/SSA ဘက်ကလည်း စစ်ရေးအရ အသာစီးရနိုင်မဲ့နေရာတွေကို ကြိုတင်ပြင်ဆင်နေတယ်လို့လည်း SSPP/SSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော SAC တပ်ဖွဲ့ဝင်များကို ပေါင်းတည် PDF မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦး အပြင်းအထန်ဒဏ်ရာရဟု ဆို
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်း ဧက(၅၀၀)၊ အကွက်အမှတ် (၄၀)နားမှာ ဇွန်လ ၁၄ ရက် မနက် ၈ နာရီခန့်က စစ်ကြောင်းထိုးလာတဲ့ လခရတပ်ဖွဲ့ဝင်တွေ မိုင်းကွင်းထဲဝင်လာချိန် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) က အဝေးထိန်းမိုင်း (၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် လခရတပ်ဖွဲ့ဝင် (၅)ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားတယ်လို့ Bago Region PDF က ဒီနေ့ ဇွန် ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။