MT News
Written by Nay Moe
တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းပျက်ကျ၍ တပ်မတော်သားနှစ်ဦး ကျဆုံးခဲ့သည်။
ဖြစ်စဥ်မှာ တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးသည် ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းလျက်ရှိစဉ် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီး ကျေးရွာ၏အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်၌ ရုတ်တရတ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့မှာ ကျဆုံးခဲ့ရကြောင်းသိရှိရပြီး ရဟတ်ယာဉ်ပျက်စီးခဲ့ရသည်။
၎င်းတို့၏ ရုပ်အလောင်းများအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။