MT News
Written by Nay Moe
ကယ်ရီသမားအသွင်ယူထားသည့် အရာခံဗိုလ်တစ်ဦးကို သေနတ်၊ လက်ပစ်ဗုံးနှင့် ကားတစ်စီးဖြင့် ဖမ်းမိခဲ့သည်ဟု အောက်တိုဘာ ၂၀ ရက်တွင် Lion Battalion Commando Special Force က ထုတ်ပြန်ထားသည်။
ကယ်ရီသမားအသွင်ယူထားသူ အရာခံဗိုလ်ကို ဗျူဟာမှုးဗိုလ်မှူးအယ်ဆေးဝါးဦးဆောင်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်း၊ KTLArmy နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းများ စစ်ရေးလှုပ်ရှားနေသည့် နယ်မြေအတွင်းမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ကယ်ရီသမားအသွင်ယူထားသည့် အဆိုပါထောက်လှမ်း ရေးမှူးကို လက်နက်ငယ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး ကားတစ်စီးနှင့်အတူ KTLArmy ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သက်သေခံဆက်စပ်ပစ္စည်းများနှင့် စစ်ဆေးတွေ့ရှိချက်များအရ ဖမ်းမိသူ၏အမည်မှာ စိုးမြင့်ဆိုသူဖြစ်ပြီး ခလရ(၉၇)တွင် အရာခံဗိုလ်ရာထူးဖြင့် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပြီး KTLArmy ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြိုးတုပ်ဖမ်းဆီးကာ ဆက်လက်စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု သိရသည်။