October 30, 2024

လှည့်ကင်းစစ်ကြောင်းအား ဓားဖြင့်ခုတ်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ထိမှန်သေဆုံးသူအား တွေ့ရစဥ်

MT News

Written by Min Mahar

နယ်မြေကင်းလှည့်နေသော စစ်ကြောင်းကို ဓားဖြင့်ဝင်ခုတ်သူအား သေနတ်ဖြင့်ပြန်လည် ပစ်ခတ်ဖမ်းဆီးရာ ဓားဖြင့်ခုတ်သူ သေဆုံးမှု နွားထိုးကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“နေ့လည်က ရွာထဲ စစ်ကြောင်းဝင်လာပြီး ရှာဖွေစစ်ဆေးမှု လုပ်နေစဉ်မှာ ထွန်းထွန်းက သူ့အိမ်ရှေ့အရောက်မှာ စစ်သားတစ်ဦးကို ဓားနဲ့ဝင်ခုတ်တာ။ ဟိုကလည်း သေနတ်နဲ့ ပြန်ပစ်လိုက်လို့ ပွဲချင်းပြီးသေသွားတယ်”ဟု ဒေသခံတစ်ဦး ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ၂၀ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် လှည့်ကင်းဆောင်ရွက်နေသော စစ်ကြောင်းသည် မြင်းနီ ရွာထဲတွင်နေထိုင်သည့် အသက် ၄၀ ခန့်ရှိသူ ထွန်းထွန်း၏နေအိမ်ရှေ့ရောက်ရှိစဉ် ထွန်းထွန်းဆိုသူသည် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ဝင်ခုတ်ခဲ့ရာတွင် ၎င်းတပ်ဖွဲ့ဝင်က သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ရာ အသေဖမ်းဆီးရမိကြောင်းနှင့် အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်သည်လည်း လက်ပြတ်ရှသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *