MT News
Written by Hey Mar
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ခေတ်အေးကျေးရွာအနီး နီလာရိုးမဆီဆိုင်ရှေ့တွင် တွဲကားတစ်စီး တိမ်းမှောက်ရာမှ ယာဥ်မောင်း သေဆုံးခဲ့သည့် ဖြစ်စဥ် ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း နေပြည်တော် အခြေစိုက် ပရဟိတအဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်မှာ မန္တလေးဘက်မှလာသော အဆိုပါ ၂၂ ဘီးတွဲယာဥ်သည် လက်ဝဲဘက် ယာဥ်ကြောလမ်းဘေးသို့ မတော်တဆ အရှိန်လွန်ထိုးကျကာ သစ်ပင်အားဝင်တိုက်မိပြီး အသက် ၃၈ နှစ်အရွယ် ယာဥ်မောင်းဖြစ်သူ နေရာတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
“သူတစ်စီးထဲ ဖြစ်တာပါ။ မိုးလည်းမရွာတော့ စလစ်ဖြစ်တာ မဖြစ်နိုင်လောက်ဘူး။ အိပ်ငိုက်တာလား။ ကားတစ်ခုခု ချို့ယွင်းတာလား ဖြစ်ဖို့များပါတယ်။ ယာဥ်မောင်းက လက်ပြတ်ထွက်သွားပြီး ကားထဲ ညပ်နေတာပါ။ နေ့ခင်း ၂ နာရီလောက်က ဖြစ်တာကို အခု ၄ နာရီကျော်အထိ အဲဒီ့ ပြတ်တဲ့လက် အခုထိ ရှာမတွေ့သေးလို့ ရုပ်အလောင်းကို ဆေးရုံ မပို့နိုင်သေးဘူး။ ရှာတွေ့တာနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးကို ပို့မှာပါ”ဟု အဆိုပါ ပရဟိတအသင်းမှတာဝန်ရှိသူက MT News သို့ပြောသည်။