၁၃. ၆. ၂၀၂၃
Written by Peya
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် အသက် ၃၀ ကျော်အရွယ် သားဖြစ်သူက မိခင်ကို သ-တ်ဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်စဉ်တွင် အလောင်းကို သယ်ယူပေးခဲ့သည့် တိုင်းနေ နာရေးကူညီမှု အသင်းထံက သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စု ပန်လီကျေးရွာ၌ ဇွန်လ ၁၂ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညပိုင်း ၉ နာရီခွဲအချိန်တွင် ဖုန်းဆက် အကူအညီ တောင်းခံလာချက်အရ အလောင်းကို သယ်ပေးခဲ့ရကြောင်း အဆိုပါ အသင်းက သိရသည်။
“ကျွန်တော်တို့က သွားကူညီတာပဲ ရှိတယ်။ အဲ့ဒီကိစ္စက ဆေးရုံပဲ သွားပို့ပေးလိုက်တယ်။ ကျန်တဲ့ကိစ္စက မှုခင်းရဲတွေ ဆက်လုပ်ပါတယ်။ ဖြစ်စဉ်ကို မသိပါဘူး။ လူမှုရေးဆိုတော့ ကျွန်တော်တို့ကို အကူအညီ တောင်းလာလို့ သွားကူညီတာပဲ ရှိတယ်”ဟု အဆိုပါအသင်းမှ တာဝန်ရှိသူက ဆိုသည်။
ထိုဖြစ်စဥ် မည်သို့ဖြစ်ပွားရသည်ကို MT News က ဆက်လက်စုံစမ်းနေပြီး လက်ရှိတွင် အလောင်းကို ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပြီးနောက် စစ်ဆေးမှု ပြုလုပ်နေကြောင်းလည်း သိရသည်။