၁၃. ၆. ၂၀၂၃
Written By Thandar
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ Man of the World 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု Mister Myanmar Henry San က Beach Wear ကို Bronze Metal ဆုနဲ့ တခြားဆုစာရင်းတွေလည်း ဝင်နေလျှက်ရှိတယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲကြီးဟာ ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေလျှက်ရှိပြီး သူက အကောင်းဆုံးကြိုးစားယှဥ်ပြိုင်နေတယ်လို့ သိရပါတယ်။
“လက်ရှိ ကျွန်တော်တို့ Organization ဘက်ကလည်း Mister Myanmar Henry San ပါဝင်ယှဥ်ပြိုင်မှုတွေကို အကောင်းဆုံး Supporting ပေးနေပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ Swimwear Beach wear & Fashion show competition မှာလည်း သူက Beach Wear – Bronze Metal ဆုရယ်၊ Swimwear -Top 10 စာရင်းဝင်ထားပါတယ်။ ပုဂံခေတ်က စစ်သူကြီးတွေ စစ်တိုက်ထွက်ရာမှာ ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားနဲ့ အဆင်တန်ဆာတွေကို ဖော်ညွှန်းပြီး လက်ရုံးရည်နှလုံးရည်နဲ့ ပြည့်ဝတဲ့ ပုဂံသူရဲကောင်းအသွင် ဖန်တီးထားတဲ့ ပုဂံသူရဲကောင်း ဝတ်စုံ National Costume ကလည်း Top ဆုအနေနဲ့ ရနေပြီ ဖြစ်ပါတယ်။ သူကတော့ တခြားနိုင်ငံက Mister တွေနဲ့အတူ အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်နေတာမို့ အားလုံး ဝိုင်းဝန်းအားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ National Director Layauk Naw က MT News ကို ပြောပါတယ်။
ဇွန် ၁၂ ရက်က ကျင်းပခဲ့တဲ့ Swimwear Beach wear & Fashion show competition မှာ မြန်မာကိုယ်စားပြု Mister Myanmar Henry San က Beach Wear – Bronze Metal ဆု၊ Swimwear -Top 10 နဲ့ ပုဂံသူရဲကောင်း ဝတ်စုံ National Costume -Top ဆုတွေကို ရရှိထားတယ်လို့ ဆိုပါတယ်။
Man of the World 2023 Grand Final ပြိုင်ပွဲကြီးကို ဇွန်လ ၁၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး အာဆီယံဒေသတွင်းဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် စတဲ့ အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့ နိုင်ငံပေါင်း (၅၀) ဝင်ရောက်ယှဥ်ပြိုင်နေလျှက် ရှိပါတယ်။