October 30, 2024

AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဥ်

MT News

Written by Nay Moe

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးအား AA တပ်သားနှစ်ဦးက လက်နက်အားကိုးဖြင့် မုဒိမ်းပြုကျင့်ခဲ့၍ အရေးယူခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁) ရက်၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် (၂) ယောက်သည် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသောကြောင့် AA အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့သည်။

AA စစ်ခုံရုံးအဖွဲ့မှ ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန်ခံရသူမိသားစု၊ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်မှ သက်သေ အချို့အား ဆယ်ရက်ခန့် သေချာစွာစစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူ (၂) ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်း ထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း တွေ့ရှိရသည်။ အဆိုပါတပ်သား (၂) ယောက်မှလည်း ၎င်းနေ့ရက်၌ ၎င်းတို့သည် ခွင့်ပြုချက်မရဘဲ အရက်သေစာသောက်စားမူးယစ်ပြီးနောက် အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်း နှစ်ယောက်စလုံးမှ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုထားကြသည်။

ထို့ကြောင့် အဆိုပါပြစ်မှုကျူးလွန်ခဲ့သူ တပ်သား (၂) ယောက်အား AA ၏ စစ်ဥပဒေနှင့်အညီ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ၂၀ ရက်တွင် ၎င်းပြစ်မှုနှင့်ထိုက်တန်သည့် ပြစ်ဒဏ်ကို နစ်နာခဲ့ရသည့် မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂၀) အပြင်၊ ကြိမ်ဒဏ်ကြီး အချက် (၃၀) ကိုပါ ချမှတ်၍ “ကြိမ်ဒဏ်”ကို စီရင်ပြီးဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *