၁၂. ၆. ၂၀၂၃
Written by Peya
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ရန်ကုန်သီတဂူစက္ခုဒါနဆေးရုံတော်တွင် ခုနှစ်ရက် တိုင်တိုင် မျက်စိအခမဲ့ စမ်းသပ် ခွဲစိတ်ကုသနိုင်ကြောင်း ရန်ကုန်သီတဂူစက္ခုဒါနဆေးရုံတော်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် သီတဂူစက္ခုဒါနကြောင့် ပြန်လည်ကောင်းမွန်သွားသည့် မျက်စိ ဝေဒနာရှင်ပေါင်း သိန်းနှင့်ချီရှိနေပြီ ဖြစ်ကာ ကျန်းမာရေးဆိုင်ရာ အတတ်ပညာရှင်များကလည်း လုပ်အားပေးဒါနပြုနေကြောင်း ဆရာတော်၏ တကာများထံက သိရသည်။
အဘိဓဇမဟာရဋ္ဌဂုရုသောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးဆောင်၍ အခမဲ့သီတဂူစက္ခုဒါနအလှူတော်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဘေလီတံတားအဆင်းတွင် တည်ရှိသည့် ရန်ကုန်သီတဂူစက္ခုဒါနဆေးရုံတော် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ စမ်းသပ်ကုသပေးခြင်းကို ဇွန်လ ၁၂ ရက်မှ ၁၈ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့တွင် စတင် စမ်းသပ် ကုသပေးနေခြင်းဖြစ်ကာ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက် စမ်းသပ်စစ်ဆေးခွဲစိတ်ကုသနိုင်ကြောင်းလည်း အသိပေးထားသည်။