October 30, 2024

၂၀-၁၀-၂၀၂၂

Written By Nay Moe

တပ်မတော်အရာရှိ၊ ဇနီးနှင့် တပ်သားတစ်ဦး အောက်တိုဘာ ၂၀ ရက် နံနက်က လှိုင်မြို့နယ်တွင် လုပ်ကြံသတ်ဖြတ်ခံရကြောင်း ကနဦးသတင်းများအရ သိရသည်။

ကနဦးသတင်းများအရ အဆိုပါ တပ်မတော်အရာရှိနှင့် ဇနီးမှာ ခွင့်ပြန်လာပြီး မိဘထံ လာရောက်ကန်တော့စဉ် လှိုင်မြို့နယ်၊ ဗဟိုလမ်း၊ သီရိမြိုင်ဘတ်စ်ကားမှတ်တိုင်အနီးတွင် ယနေ့နံနက် ၉ နာရီခွဲအကျော်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ ကနဦးစစ်ဆေးသိရတာက အမြောက်တပ်က အရာရှိနဲ့ ဇနီး၊ တပ်သားတစ်ဦးလို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ အမှန်ပါ” ဟု MT News ၏ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

အဆိုပါ ဖြစ်စဉ်အပေါ် News of Myanmar သတင်းဌာနကမူ “ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြိုနယ်၊ (၁၃) ရပ်ကွက်၊ ဗဟိုလမ်းနှင့် ပေါင်းစီးလမ်းထောင့်တွင် အောက်တိုဘာလ ၂၀ ရက် နံနက် ၉း၄၅ နာရီက လမ်းလျှောက်လာသူသုံးဦးကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားသုံးဦးက သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ် သတ်ဖြတ်သွားကြောင်းနှင့် သတ်ဖြတ်ခံရသူများမှာ ဦးမြင့်ဆွေ၊ ဇနီးမရတနာဦးနှင့် မောင်အောင်ကိုမင်းတို့ဖြစ်ပြီး လမ်းလျှောက်လာစဉ် အသင့်စောင့်ဆိုင်းနေသည့် ကားပေါ်မှပီဒီအက်(ဖ်) အကြမ်းဖက်သမားသုံးဦးက သေနတ်များဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည့်အတွက် ပစ်ခတ်ခံရသူသုံးဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်းသိရသည်ဟု ဖော်ပြခဲ့သည်။

လက်ရှိတွင် အဆိုပါနေရာအား ပိတ်ဆို့စစ်ဆေးနေပြီး ဖြစ်စဥ်ကို တာဝန်ရှိသူများက စစ်ဆေးနေဆဲဖြစ်ကာ မည်သည့် PDF အဖွဲ့က သတ်ဖြတ်သွားသည်ကို သိရှိရမှုမရှိသေးဘဲ ဆက်လက်သိရှိရသည်များကို ထပ်မံဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *