၂၀. ၁၀. ၂၀၂၂
Written by Thettant
ပြည်တွင်း၌ ကျောက်မီးသွေးထုတ်လုပ်ရောင်းချသုံးစွဲမှု စျေးကွက်ပေါ်ပေါက်ရန် SAC ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်မီးသွေးစျေးကွက် ပေါ်ပေါက်လာရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဦးဆောင်သော ကျောက်မီးသွေးထုတ်လုပ်ရောင်းချမှု ပြည်တွင်းဈေးကွက်ဖော်ဆောင်ရေးကော်မတီကိုလည်း ယခုနှစ် ဩဂုတ်လအတွင်း ဖွဲစည်းခဲ့သည်ဟု သိရသည်။
အဆိုပါကော်မတီအနေဖြင့် ကျောက်မီးသွေးဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်ရေး၊ မျှတစေရေးအတွက် ထုတ်လုပ်မှုပမာဏနှင့် သုံးစွဲမှုပမာဏတိုအချိုးညီ ထိန်းညှိပေးရန်၊ ကျောက်မီးသွေးထုတ်လုပ်ခြင်း၊ ထားသိုခြင်း၊ သုံးစွဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် စသည့် တာဝန်များ လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်မှ ရရှိမည့် အခွန်အခများ မှန်ကန်တိကျစွာ ပေးသွင်းစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ထွက်ရှိရာဒေသအပေါ်မူတည်၍ ကျောက်မီးသွေးဈေးနှုန်းများ ထိန်းညှိဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် လုပ်ငန်းကော်မတီများ ဖွဲစည်းဆောင်ရွက်ရန် စသည့်တာဝန်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။