၇. ၆. ၂၀၂၃
Written By Thandar
အလှမယ်လောကထဲကနေ သရုပ်ဆောင်ပိုင်းကို အခြေစိုက်ပြီး လုပ်ဆောင်လာတဲ့ ဇွန်သံစဥ်က Girl Lesbian Series မှာ Love Sence က တော်တော်ကြမ်းခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ရှက်လို့ ဖုန်းပြန် မကြည့်ရဲခဲ့ဘူးလို့ ဖွင့်ဟလာပါတယ်။
“Lesbian လုပ်တဲ့ ကာရိုက်တာမို့ ခက်တော့ ခက်တာပေါ့နော်။ ကိုယ်တိုင်ကလည်း Lesbian အစစ်မဟုတ်ဘူးလေ။ ခက်ခဲမှုတွေရှိပေမယ့် အကောင်းဆုံးတော့ ကြိုးစားထားတယ်။ မိန်းမ အချင်းချင်း Love Sence အရမ်းခက်ခဲခဲ့တယ်။ မိန်းမအချင်းချင်း ကြိုက်ရတာမလွယ်ဘူး။ ကိုယ့်အတွဲကတော့ သံသာမိုးသိမ့်နဲ့ပါ။ ကိုယ့် ပုံစံကလည်း ကျားကျားလျားလျား ရုပ်တည်ကြီးနဲ့ပေါ့။ သူနဲ့က မရင်းနှီးပေမယ့် Chemistry မိခဲ့ပါတယ်။ Love Sence တွေ နမ်းဆိုလည်း နမ်းလိုက်တာပဲ။ ရှိန်တာတွေရှက်တာတွေ မရှိဘူး နမ်းလိုက်တာပဲ။ ဖက်ဆိုလဲ ဖက်လိုက်တာပဲ။ သူကို ကိုယ်ချစ်ပေးရတာပေါ့။ အခု ကိုယ့်ကိုယ်တိုင်တောင် ဒီ Lesbian Series ကားထွက်လာမှာကို ကြိုပြီးရင်တွေတုန်နေတယ်။ ကြမ်းတာတွေပါတယ်။ ရိုက်ကူးချိန်မှာ Love Sence တော်တော်ကြမ်းတယ်။ ကိုယ့်ကိုယ်ကိုယ့်တောင် ဖုန်းပြန် ကြည့်ပြီး မကြည့်ရဲခဲ့ဘူး ရှက်လို့”လို့ သရုပ်ဆောင် ဇွန်သံစဥ်က ပြောပါတယ်။
Miss Universe Myanmar 2017 အလှမယ်လည်းဖြစ်တဲ့သူမဟာ Lesbian Series မှာ ပါဝင်သရုပ်ဆောင်ထားပြီးတော့ မကြာခင် Canal Plus က ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
“ယောက်ျားလေးနဲ့ မိန်းကလေး Love Sence ရိုက်တာမထူးဆန်းဘူး။ မြင်နေကျလေ။ မိန်းမ အချင်းချင်းနဲ့ ယောက်ျားအချင်းချင်းက ပိုပြီး ရင်ခုန်တယ်။ ကိုယ်လည်း မိန်းကလေးအချင်းချင်း နမ်းရတာ ပိုရင်ခုန်တာပေါ့။ ကြည့်ရင်အသည်းတွေ ယားတာပေါ့။ Girl Lesbian က ထိုင်းမှာပဲ ရိုက်ဖူးကြသေးတာပါ။ မြန်မာနိုင်ငံမှာ မရှိတော့ လေ့လာတဲ့အခါ ဘယ်သူကို အတုယူရမှန်း မသိခဲ့ဘူး ထိုင်းကဟာလေးတွေ ကြည့်ဖြစ်တယ်။ ကြည့်ပေးပြီး ဝေဖန်ပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။