October 30, 2024

၁၉-၁၀-၂၀၂၂

Written by Nay Moe

ထောင်ဝင်စာလာတွေ့သည့် ပြည်သူများပါ သေကြေဒဏ်ရာရအောင် အင်းစိန်အကျဉ်းထောင်အား ဗုံးခွဲခဲ့သည့် ဦးနှောက်မရှိသော အကြမ်းဖက်သမားများအား နစကမှအရေးယူပေးရန် ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ၏ ဇနီး ဒေါ်နီလာသိန်းက အောက်တိုဘာ ၁၉ ရက်တွင် တောင်းဆိုခဲ့သည်။

“ တော်လှန်ရေးသမားတွေရဲ့ အမေတွေ၊ ငါတို့အားလုံးရဲ့ အမေတွေပါ။ စကစ က ဦးနှောက်မရှိတဲ့ အကြမ်းဖက်သမားတွေကို ချက်ခြင်းအရေးယူပေးပါ”ဟု မနီလာသိန်းက Followers နှစ်သိန်းကျော်ရှိသည့် သူမအသုံးပြုသော Nilar Thein အကောင့်မှတစ်ဆင့် တောင်းဆိုခဲ့သည်။ မနီလာသိန်း၏ အမျိုးသားကိုဂျင်မီအား အကြမ်းဖက်မှုပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀ (ည) ပုဒ်မများအရ ကိုဖြိုးဇေယျာသော်၊ လှမျိုးအောင်၊ အောင်သူရဇော် တို့နှင့်အတူ SAC က ကြိုးပေးခံခဲ့ရသူဖြစ်ပြီး ထိုသို့ ကြိုးပေးခဲ့ကြောင်းကို ဇူလိုင် ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သည့် အင်းစိန်အကျဉ်းထောင် လက်လုပ်ဗုံးဖြင့် မိုင်းထောင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ထောင်ဝင်စာ လာတွေ့သူ ကလေးငယ်တစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု SAC က အတည်ပြုထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် င်ရာ ကျောင်းသား သမဂ္ဂများ အဖွဲချုပ်(ဗကသ) ကျောင်းသားခေါင်းဆောင် တဦးဖြစ်ခဲ့သည့် ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သူ ကိုလင်းထက်နိုင်၏ မိခင်ဒေါ်ကြီးမြင့် ဗုံးဆံထိမှန်ကွယ်လွန်ခဲ့သလို Dark Shadow UG အဖွဲ့ဝင် ကိုဟိန်းမင်းထွန်း၏ မိခင်ဒေါ်သန်းကြွယ်သည်လည်း ကွယ်လွန်ခဲ့သည်။ ထိုသို့ နိုင်ငံရေးအကျဉ်းသားများ၏ မိခင်များသေဆုံးသည့်အထိ တိုက်ခိုက်ခဲ့မှုကို မှော်ဘီရင်သွေးတပ်နှင့် Burma Youth Network တို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။ ထို့အတူ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံး တပ်ဖွဲ့ ကလည်း အင်းစိန်ထောင်အား ဗုံးခွဲခဲ့မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး ကိုယ့်အမှားကိုယ် ဝန်ခံရန်နှင့် တော်လှန်ရေးအလွန်တွင် ပြစ်ဒဏ်ခံယူရန် တောင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *