◾️ သတ်ဖြတ်ခံရသူမှာ ဇနီးကို မုဒိမ်းကျင့်၍ သ-တ်ဖြတ်ခဲ့ဟု ခင်ပွန်း ဖြစ်သူ ကနဦးထွက်ဆို
၆. ၆. ၂၀၂၃
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သော ဇွန် ၂ ရက်နေ့က Samut Sakhon ပြည်နယ် Khun Nai ဈေးရှိ အခန်းနားတွင်ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားတစ်ဦး အသ-တ်ခံရမှုနှင့်ပတ်သက်ပြီး လူသ-တ်မှုကျူးလွန်သူအဖြစ် သံသယရှိမြန်မာနိုင်ငံသား ၅ ဦးကို ဇွန်လ ၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးလိုက်သည်။
မြန်မာနိုင်ငံသား မျိုးအောင်ဆိုသူသည် လူ ၅ ဦးပါသောအဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခံရပြီး အသ-တ်ခံရသော CCTV မှတ်တမ်းများကို ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လူသ-တ်မှုကျူးလွန်သူများအဖြစ် သံသယရှိခံရသော မြန်မာနိုင်ငံသား ၅ ဦးကိုဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအမှတ် ၇ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး Wut Charathamrong က ပြောသည်။
အဆိုပါ လူသတ်မှုသည် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအချင်းချင်းဖြစ်ပွားသော အငြင်းပွားမှုပဋိပက္ခဖြစ်မှုမျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား မျိုးအောင်ဆိုသူကို လူသ-တ်မှုကျူးလွန်သောအုပ်စုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် သ-တ်ဖြတ်ကာ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဖြတ်ပြီး မြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ထိုင်းအမှတ် ၇ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲမှူးကြီး Chomchawin Purthananon ကပြောသည်။
လူသ-တ်မှုကျူးလွန်သူများအဖြစ် သံသယရှိသော မြန်မာနိုင်ငံသားငါးဦးကို ကန်ချနာဘူရီ ပြည်နယ်၊ ပီလော့ခ်ကျေးရွာရှိ အိမ်တစ်အိမ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားငါးဦးသည် အသက် ၃၀ အရွယ်ရှိ စောအောင်၊ အသက် ၂၄ နှစ်အရွယ်ရှိ မန်းသက်၊ အသက် ၃၃ နှစ်အရွယ်ရှိ စိုးမင်းသူ၊ အသက် ၂၅ နှစ်အရွယ်ရှိ ချစ်အောင်နှင့် အသက် ၂၄ နှစ်အရွယ်ရှိ နိုင်လင်းဆိုသူတို့ဖြစ်ကြောင်း ထိုင်းအမှတ် ၇ ရဲတပ်ဖွဲ့အကြီးအကဲက ထုတ်ဖော်ပြောဆိုထားသည်။
ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ငါးဦးထဲမှ တစ်ဦးက ၎င်း၏ အမျိုးသမီးကို အသ-တ်ခံရသော မျိုးအောင်ဆိုသူက အဓမ္မပြုကျင့်ခြင်းကြောင့် ကားဖြင့် ဖမ်းဆီးခေါ်ဆောင်ကာ သ-တ်ဖြတ်ခဲ့ပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ခုတ်ဖြတ်ကာ ခန္ဓာကိုယ်ကို ပုစွန်ကန်ထဲသို့ ပစ်ချခဲ့ကြောင်း ဝန်ခံထားသည်ဟု ထိုင်းအမှတ် ၇ ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။
အသ-တ်ခံရသော မျိုးအောင်ဆိုသူ ပိုင်ဆိုင်သောကားသည် Phetchaburi ဒေသတွင် ကျန်ရှိခဲ့ကြောင်း အဆိုပါလူသ-တ်မှုကျူးလွန်သူများထဲတွင် “God’s Army” အမည်ရှိ လူမိုက်ဂိုဏ်းများလည်း ပါဝင်ဆက်နွယ်ခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ လူသ-တ်မှုကျူးလွန်သူများသည် ထွက်ပြေးရန်ကြိုးပမ်းခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနိုင်ခဲ့ကြောင်း ထိုင်းအမှတ် ၇ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး Wut Charathamrong က ပြောသည်။
Ref– matichon