◾️ ဥရောပ လိင်ဆက်ဆံမှု တံခွန်စိုက်ပြိုင်ပွဲကို ဆွီဒင်နိုင်ငံတွင်ကျင်းပမည်
၅. ၆. ၂၀၂၃
Translated by Htwe Ko Tun
ဆွီဒင်နိုင်ငံအစိုးရက လိင်ဆက်ဆံမှုကို အားကစားနည်းတစ်ရပ်အဖြစ် ကမ္ဘာပေါ်တွင် ပထမဆုံးအသိအမှတ်ပြုခဲ့ပြီး ရက်သတ္တပတ်ခြောက်ပတ်ကြာမည့် ဥရောပ လိင်ဆက်ဆံမှု တံခွန်စိုက်ပြိုင်ပွဲကိုလည်း ဆွီဒင်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဂိုသန်ဘာ့ဂ်မြို့တွင် ဇွန်လ ၈ ရက်၌ ကျင်းပသွားမည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲကို ဆွီဒင်နိုင်ငံ လိင်အဖွဲ့ချုပ်၏ လမ်းညွှန်ကွပ်ကဲမှုအောက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များက စည်းမျဉ်း ၁၆ ချက်အောက် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကို ထိတွေ့ဆောင်ရွက်သွားရမည်ဟု သတင်းများက ဆိုသည်။
အဆိုပါစည်းမျဉ်းများတွင် သွေးဆောင်ခြင်း၊ နှုတ်ဖြင့်လိင်ဆက်ဆံမှု၊ လိင်ဆက်ဆံခြင်း၊ ကြာရှည်ခံနိုင်မှု၊ ကိုယ်ခန္ဓာနှိပ်နယ်ပေးခြင်း၊ နမ်းရှုတ်ခြင်း၊ စိတ်နှိုးဆွသည့်နေရာများ ရှာဖွေခြင်းတို့နှင့် အခြားစည်းမျဉ်းများလည်း ပါဝင်ကြောင်းသိရသည်။
ပြိုင်ပွဲဝင်သူများအနေဖြင့် အပိုင်းတစ်ပိုင်းကို တစ်နေ့လျှင် ခြောက်နာရီကြာ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ တစ်ဦးချင်းအနေဖြင့် ပြိုင်ပွဲဝင်ချိန် ၄၅ မိနစ်မှ မိနစ် ၆၀ အထိရှိနိုင်ကြောင်း သိရသည်။ အစောပိုင်းမှတ်ပုံတင်ထားမှုများအရ မတူညီသောနိုင်ငံများမှ ယှဉ်ပြိုင်သူ ၂၀ ဦး ရှိပြီဖြစ်သည်။ ဒိုင်လူကြီးသုံးဦးပါဝင်သော ဒိုင်အဖွဲ့က အနိုင်ရရှိသူအားဆုံးဖြတ်မည်ဖြစ်ပြီး ပရိသတ်၏အားပေးမှုကလည်း ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိမည်ဖြစ်သည်။