October 30, 2024

ကိုလင်းထက်နိုင်နှင့် မဖြိုးဖြိုးအောင်တို့ ဇနီးမောင်နှံကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုလင်းထက်နိုင် Fb)

၁၉. ၁၀. ၂၀၂၂

Written by Nay Moe

အင်းစိန်ထောင် ဗုံးပေါက်မှုဖြစ်စဉ်တွင် ထောင်ဝင်စာလာတွေ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ကျောင်းသားခေါင်းဆောင် တဦးဖြစ်ခဲ့သည့် ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သူ ကိုလင်းထက်နိုင်၏ မိခင် ဗုံးဆံထိမှန်ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကိုလင်းထက်နိုင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၁ခုနှစ် နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင် မဖြိုးဖြိုးအောင်၏ ခင်ပွန်းလည်းဖြစ်သည်။ ကိုလင်းထက်နိုင်အား ၂၀၂၁ ခုနှစ် မတ်လတွင် SAC က ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်း၀ရမ်းထုတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင် ဖမ်းဆီးခံခဲ့ရကာ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခဲ့သည်။ ထိုသို့ ထိန်းသိမ်းထားစဉ် ထောင်ဝင်စာလာတွေ့သည့် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း၏ မိခင် ဒေါ်ကြီးမြင့်(ဒေါ်ကြည်မြင့်) မှာ အောက်တိုဘာ ၁၉ ရက်နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်အတွင်း ဗုံးဆံထိမှန်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဒေါ်ကြီးမြင့် ကွယ်လွန်ခဲ့မှုအပေါ်  ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်အချို့ကလည်း ဝမ်းနည်းကြောင်း မှတ်ချက်ပြုခဲ့သည်။

ထိုသို့ ကိုလင်းထက်နိုင်၏ မိခင် အင်းစိန်ထောင်ဗုံးဖောက်ခွဲခံရမှုဖြစ်စဉ်တွင် သေဆုံးခဲ့သလို အခြားသော နိုင်ငံရေးအကျဉ်းသား ၄ ဦး၏ မိသားစုဝင်များလည်း သေဆုံးခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ပြည်သူငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသည့်အပြင် အကျဉ်းဦးစီးဝန်ထမ်းသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *