October 22, 2024

၃. ၆. ၂၀၂၃
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်ရှိ Zoey ဆိုတဲ့ ခွေးလေးရဲ့ လျှာဟာ ၅ လက်မထိ အရှည်ရှိတာကြောင့် ကမ္ဘာ့လျှာအရှည်ဆုံးခွေးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကနေ တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။

ဂျာမန်သိုးထိန်းမျိုးစပ်ခွေးအမျိုးအစားဖြစ်တဲ့ Zoey ရဲ့ နှာခေါင်းအဆုံးဖျားကနေ လျှာဖျားအထိ တိရစ္ဆာန်ဆေးဆရာဝန်က တိုင်းတာပြီးနောက် သက်ရှိခွေးတစ်ကောင်မှာ လျှာအရှည်ဆုံးရှိတဲ့စံချိန်ကို ချီးမြှင့်ခံခဲ့ရပါတယ်။

Zoey ရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ Sadie နဲ့ Drew Williams တို့ဇနီးမောင်နှံက Zoey ကို အသက် ၆ ပတ်အရွယ်မှာ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ပုံမှန်မဟုတ်ဘဲ ရှည်လျားနေပြီး ခန္ဓာကိုယ်နဲ့ယှဉ်ရင် ကြီးမားလှတဲ့ လျှာရှိနေတာကို ချက်ချင်းသတိပြုမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Zoey ဟာ အိမ်နီးချင်းတွေကြားမှာလည်း ရေပန်းစားပြီး Zoey ကို လမ်းလျှောက်ခေါ်သွားတဲ့အခါတိုင်း လူတွေက သူ့ဆီလာပြီး Zoey ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူချင်ကြတယ်လို့ ပြောကြတယ်ဆိုတဲ့အကြောင်းကို Drew Williams က ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; UPI

Leave a Reply

Your email address will not be published. Required fields are marked *