October 22, 2024

၃. ၆. ၂၀၂၃
Translated by Htwe Ko Tun

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာကျော်ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာ ဇွန်လ ၂ ရက်က စင်ကာပူရုက္ခဗေဒဥယျာဉ်သို့ သွားရောက်လည်ပတ်စဉ် ၎င်းကို ကြိုက်နှစ်သက်သော စင်ကာပူဘောလုံးပရိသတ်၏ ဝန်းရံအားပေးမှုနှင့် ကြုံခဲ့ရကြောင်း သိရသည်။

၎င်းက ဥယျာဉ်အတွင်း ၁၅ မိနစ်မှ မိနစ် ၂၀ အထိသာ ကြာခဲ့သော်လည်း ၎င်းအား ခေတ္တခဏလေးပင်ဖြစ်စေ၊ ဖြစ်နိုင်လျှင် လူချင်းမိတ်ဆက်၍ဖြစ်စေ အားပေးလိုသည့် ပရိသတ်များက ဥယျာဉ်အတွင်း ၎င်း အနီးချဉ်းကပ်ကာ ၎င်းသွားရာနောက်သို့လိုက်ခဲ့ကြသည်။

ထို့ကြောင့်လည်း ဥယျာဉ်အတွင်း ၎င်းစီးနင်း၍ လှည့်လည်ကြည့်ရှုရာ ကားငယ်နောက် ၎င်း၏ပရိသတ်များက မမောတမ်းပြေးလိုက်ခဲ့ကြသည်ကို တွေ့ကြရသည်။

၎င်းတို့၏ အင်္ကျီများတွင် အမှတ်တရလက်မှတ်ထိုးပေးရန် အနီးသို့ ချဉ်းကပ်လာသူများအနက်လည်း အနည်းငယ်ကိုသာ ရော်နယ်လ်ဒိုက လက်မှတ်ထိုးပေးနိုင်ခဲ့သည်။

ပြင်သစ်အားကစားစာစောင်တစ်ခုဖြစ်သော France Football မဂ္ဂဇင်းက နှစ်စဉ်ချီးမြှင့်ခဲ့သည့် Ballon d’Or ဆုကို ငါးကြိမ်နှင့် ဥရောပရွှေဖိနပ်ဆု European Golden Shoes ကို လေးကြိမ်တိုင်ရခဲ့ဖူးသည့် ရော်နယ်လ်ဒိုက စင်ကာပူတွင် ၎င်း၏ ကာလကြာမြင့်ပြီဖြစ်သည့်မိတ်ဆွေနှင့် ပရဟိတသမား ပီတာလင်း တည်ထောင်ထားသည့်လူငယ်များအတွက် ပီတာလင်းပညာတော်သင်ဆုတွင် ဝင်ရောက်ကူညီသွားမည် ဖြစ်သည်။

ထို ပီတာလင်းပညာတော်သင်ဆုက လူငယ်တို့၏ စိတ်ဝင်စားသည့်ဝါသနာများအတွက် ကြိုးပမ်းမှု၊ ကျွမ်းကျင်မှုများတိုးတက်လာစေမှု၊ ဥယျာဉ်ခြံမြေပြုပြင်စိုက်ပျိုးခြင်း၊ သစ်သီးဝလံများစိုက်ပျိုးခြင်း၊ ဂေဟဗေဒနှင့် ခြံမွေးတိရစ္ဆာန်များမွေးမြူခြင်း စသည့်ကဏ္ဍများတွင် အခွင့်အလမ်းများနည်းနေရသည့် လူငယ်များကို ထောက်ပံ့ကူညီရန် ရည်ရွယ်သည်။

ဇွန်လ ၃ ရက်တွင်မူ စင်ကာပူအိုလံပစ်ဖောင်ဒေးရှင်းမှတစ်ဆင့် တည်ထောင်ထားသော ပီတာလင်းပညာတော်သင်ဆုအား ကူညီသည့်အနေဖြင့် ရော်နယ်လ်ဒိုက လူငယ် ၁,၀၀၀ နှင့် စတင်တွေ့ဆုံသွားမည်ဖြစ်သည်။

Ref——CNA

Leave a Reply

Your email address will not be published. Required fields are marked *