October 22, 2024

၃. ၆. ၂၀၂၃
Written by Thettant

အာရှအမျိုးသမီး ယူ၂၀ ခြေစစ်ပွဲဝင် တရုတ် အမျိုးသမီး ယူ၂၀ အသင်းသည် ယနေ့မနက်ပိုင်းက ပြိုင်ပွဲဝင်ရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး တရုတ်အမျိုးသမီး ယူ ၂၀ အသင်းသည် ပွဲဦးထွက်အဖြစ် ဇွန်လ ၆ ရက် ညနေ ၃ နာရီခွဲအချိန် သုဝဏ္ဏကွင်းတွင် တရုတ်(တိုင်ပေ)အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာရှ အမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု(ခ)ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ရာ အိမ်ရှင် မြန်မာနှင့်အတူ တရုတ်၊ တရုတ်(တိုင်ပေ)၊နီပေါ စသည့် အမျိုးသမီး ယူ၂၀ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာယူ-၂၀ အမျိုးသမီးအသင်းသည် ဇွန်လ ၆ ရက်တွင် နီပေါအသင်း၊ ၈ ရက်တွင် တရုတ်(တိုင်ပေ) အသင်း၊ ၁၀ ရက်တွင် တရုတ်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မြန်မာအသင်း၏ ပွဲစဉ်များကို ညနေ ၆း၃၀ နာရီတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ကာ ပွဲစဉ်များအားလုံးကို SkyNet ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဇွန်လ ၆ ရက်နေ့မှ စတင်ကာ ကျင်းပမည့် AFC U20 Women’s Asian Cup ခြေစစ်ပွဲ လာရောက်ယှဉ်ပြိုင်မည့် တရုတ် ယူ၂၀ အမျိုးသမီးအသင်းသည် ဇွန်လ ၃ ရက်တွင် ရောက်ရှိလာပြီးနောက် တရုတ်(တိုင်ပေ) ယူ၂၀ အမျိုးသမီး အသင်းသည် ဇွန်လ ၄ ရက်၊ နီပေါ အမျိုးသမီး ယူ၂၀ အသင်းသည် ဇွန်လ ၅ ရက်တို့တွင် ရန်ကုန်မြို့သို့ ပြိုင်ပွဲယှဉ်ပြိုင်ရန် ရောက်ရှိမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *