October 22, 2024

၃. ၆. ၂၀၂၃
Written by Ye Kyaw

တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ပို့ကုန်ရငွေဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ) ရှိကြောင်း Bank Statement ဖြင့် တင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) အစည်းအဝေးအမှတ် (၄၁/၂၀၂၃) ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ပင်လယ်ရေကြောင်းမှဖြစ်စေ၊ နယ်စပ်မှဖြစ်စေ ပြည်ပမှတင်သွင်းမည့် သွင်းကုန်ပစ္စည်းများအတွက် လိုင်စင်ရရှိပြီး ငွေပေးချေရာတွင် ပြည်တွင်းဘဏ်များမှဖြစ်စေ၊ ပို့ကုန်ရငွေမှဖြစ်စေ ဝယ်ယူ၍ ဘဏ်ငွေလွှဲပြောင်းပေးခြင်းစနစ်ဖြင့်သာ ပေးချေခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်ရငွေဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ) ရှိကြောင်း Bank Statement ဖြင့် တင်ပြ လျှောက်ထားစေရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အထက်ပါ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ဆုံးဖြတ်ချက်များအား သိရှိစေရန်နှင့် လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန် နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း ‌(AD) လိုင်စင်ရဘဏ်များသို့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *