MT News
Photo – Ye Kyaw ၊ Peya
ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ‘မဝါ’ ကြောင့် မနေ့ ဇွန်လ ၁ ရက်က ရန်ကုန်မြို့ နေရာအနှံအပြားမှာ မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခဲ့ပါတယ်။
ဇွန်လ ၁ ရက် ညနေစောင်းစ ၄ နာရီကျော်ကနေ ၅ နာရီခွဲလောက်အထိ သည်းထန်စွာရွာသွန်းခဲ့တဲ့ ဒီမိုးကြောင့် ရန်ကုန်နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့သလို ယာဥ်အချို့လည်း စက်ရပ်ပြီး လမ်းလယ်မှာ ပျက်သွားတာကြောင့် ယာဥ်ကြောပိတ်ဆို့မှုတချို့လည်း ဖြစ်ခဲ့တာ တွေ့ရပါသေးတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မိုးရွာသွန်းမှုတွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ တစ်နိုင်ငံလုံးလိုလို ရွာသွန်းနေခဲ့တာဖြစ်တဲ့အပြင် တစ်ပြည်လုံးမှာလည်း မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်တွေ
ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းမှုနဲ့အတူလေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာသွန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုဖို့ အကြံပြုထားပါတယ်။