၁. ၆. ၂၀၂၃
Written by Nay Moe
လက်နက်မဲ့အမျိုးသမီးတစ်ဦးဖြစ်သည့် အဆိုတော်လီလီနိုင်ကျော်အား NUG ၏ PDF များက ချောင်းမြောင်းပစ်ခတ်သ-တ်ဖြတ်မှုအပေါ် အဖွဲ့အစည်းများစွာက ရှုတ်ချကြောင်း ထုတ်ပြန်စာများကို တစ်ပြေးညီ ထုတ်ပြန်ထားသည်။
NUG ၏ ရန်ကုန် UG PDF များက မေလ ၃၀ ရက် ည ၇ နာရီခန့်တွင် အဆိုတော်လီလီနိုင်ကျော် ကားဖြင့်ပြန်လာစဥ် နေအိမ်ရှေ့တွင် ချောင်းမြောင်းပစ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံတွင် ကုသမှုခံယူနေရပြီး ထိုသို့သော လက်နက်မဲ့အမျိုးသမီးတစ်ဦးကို အလစ်အငိုက်တွင် ချောင်းမြောင်းပစ်ခတ်လုပ်ကြံမှုကို ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်သည့်အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးပါဝင်သည်။
ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံဧဝံဂလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံမက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ YMBA၊ မြန်မာနိုင်ငံဂီတအစည်းအရုံး စသည့် နိုင်ငံတော်အဆင့်အဖွဲ့အစည်းများစွာက လက်နက်မဲ့အမျိုးသမီးတစ်ယောက်ကို အလစ်တွင်ချောင်းမြောင်းပစ်ခတ်သည့် NUG ၏ PDF များ၏ လုပ်ရပ်အပေါ် ရှုတ်ချကန့်ကွက်စာအသီးသီးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။