MT News
Written by Naing Thuta
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အစိုးရပိုင်မြေများပေါ် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်ကျုးကျော်နေထိုင်သည့် ယာယီ/အခိုင်အမာ အိမ်ခြေ ၄၇ လုံးကို မေလ ၂၆ ရက် မနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖြိုဖျက်ရှင်းလင်းခဲ့မှုတွင် လူဦးရေ ၂၃၆ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၆ ရက် မနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့ နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၂ လမ်းနှင့် ၁၁၃ လမ်းကြား၊ ပန်းရံတော်ချောင်းဘေး(ယခင်ရှင်းလင်းထားသောနေရာ)တွင် ထပ်မံကျူးကျော်ဆောက်လုပ်ထားသည့် လူနေတဲ (ယာယီ)များ အိမ်ခြေ ၂၈ လုံး၊ အိမ်ထောင်စု ၂၈ စု ၊ လူဦးရေ ကျား ၅၂ ဦး၊ မ ၅၉ ဦး၊ ပေါင်း ၁၁၁ ဦးအား လည်းကောင်း၊ ၁၁၂ လမ်းနှင့် ၁၁၂ (D)လမ်းကြား၊ ၅၅ လမ်းနှင့် ပန်းရံတော်ချောင်းကြား၊ အကွက် (ဖ-၁၄)တွင် အခိုင်အမာအဆောက်အဦ အိမ်ခြေ ၅ လုံး၊ အိမ်ထောင်စု ၅ စု၊ လူဦးရေကျား ၁၁ ဦး၊ မ ၁၁ ဦး၊ ပေါင်း ၂၂ ဦးတို့အား လည်းကောင်း၊ ၁၁၂ (D)လမ်းနှင့် ၁၁၃ လမ်းကြား၊ ၅၅ လမ်းနှင့် ပန်းရံတော်ချောင်းကြား၊ အကွက်(ဖ-၁၅)တွင် အိမ်ခြေ ၁၄ လုံး၊ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ကျား ၅၄ ဦး၊ မ ၄၉ ဦး၊ ပေါင်း ၁၀၃ ဦး၊ စုစုပေါင်းယာယီ/အခိုင်အမာအိမ်ခြေ ၄၇ လုံး ၊ အိမ်ထောင်စု-၄၇ စု၊ လူဦးရေ ကျား ၁၁၇ ဦး၊ မ ၁၁၉ ဦး၊ စုစုပေါင်း ၂၃၆ ဦးတို့အား ဖယ်ရှားရှင်းလင်းခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဒုဌာနမှူး ဦးကျော်လင်းငြိမ်း ပြောပြချက်အရ သိရသည်။
အဆိုပါဖြိုဖျက်ခံရသည့်အထဲတွင် အခိုင်အမာဆောက်လုပ်ထားသည့် အိမ်ခြေ ၁၉ လုံးတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။