MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ယာဝန်းအတွင်း Wifi Cable ကြိုး တက်ရောက်ပြုပြင်သော လူငယ်တစ်ဦး ဓာတ်လိုက်ခံရ၍ မေလ ၂၇ ရက်နေ့ ည၈နာရီ ၃၀ အချိန်ခန့်က သေဆုံးခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
“ရပ်ကွက်နေပြည်သူတွေက နီးစပ်ရာဆေးခန်းကိုပို့ပြီး ကုနေတုန်း ဆုံးသွားတာပါ။ အသက် ၂၅ နှစ်ဝန်းကျင်လောက် ရှိမယ်။ ကျွန်တော်တို့ကို ရုပ်အလောင်းလာသယ်ပေးဖို့ အကူအညီတောင်းတဲ့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
အမျိုးသား၏ ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ယင်း၏ကုမ္ပဏီနှင့် မိဘဆွေမျိုးများထံလည်း ချိတ်ဆက်အကြောင်းကြား ကူညီပေးခဲ့ကြောင်း သိရသည်။