November 1, 2024

သေဆုံးသွားသော PDF အား ထမ်းပြန်လာသည့် ဇေယျာလွင်တို့၏ 96‌ Soldiers-PDF အဖွဲ့ကို တွေ့ရစဥ်

MT News

Written by Nay Moe

ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးကျေးရွာရဲစခန်းအား PDF လေးဖွဲ့ပေါင်း၍ သွားတိုက်ရာ ရဲနှစ်ဦးကျသော်လည်း PDF တစ်ဦးစတေးခဲ့ရပြီး ဆုတ်ခွာခဲ့ရသည်ဟု 96‌ Soldiers-PDF တပ်အဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၅ နာရီ ၄၀ မိနစ်တွင် ၀က်လက်မြို့နယ်အတွင်းရှိ ရွှေပန်းကုံးကျေးရွာ၌ တည်ရှိသော ရဲစခန်းကို 96‌ Soldiers-PDF တပ်အဖွဲ့၊ ဒေါင်းနီအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့၊ တောသားကြီးအဖွဲ့တို့ ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့သည်။ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီခန့်အကြာတွင် ဝေဟင်မှ လေယာဉ်ပစ်ကူများ ရွှေပန်းကုံးကျေးရွာ ကောင်းကင်ယံထက်တွင်ပျံသန်း၍ မြေပြင်ကိုတရစက် ပစ်ခတ်သောကြောင့် ဆုတ်ခွာခဲ့ရသည်။

အဆိုပါတိုက်ပွဲတွင် 96 Soldiers အဖွဲ့မှ ရဲဘော်‌တစ်ယောက် ထိခိုက်ဒဏ်ရာရ၍ တစ်ဦး ကျခဲ့သည်။ အဆိုပါတိုက်ပွဲတွင် ရန်သူ့ဘက်မှ ၂ ဦးကျဆုံးပြီး ၆ ဦးအပြင်းအထန်ဒဏ်ရရှိကြောင်း ကနဦးသတင်းများအရသိရပြီး 96‌ Soldiers-PDF အဖွဲ့မှ ရဲဘော် ၁ ဦး ကျသည့်အပြင် တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ဒီနေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်ပါ။ တစ်ဦးဒဏ်ရာရပါတယ် (မပြင်းထန်ပါဘူး)။ တစ်ဦးက ကျခဲ့ပါတယ်” ဟု 96‌ Soldiers-PDF အဖွဲ့မှ ဇေယျာလွင်က ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် ရွှေပန်းကုံးရဲတပ်ဖွဲ့ဝင်နှစ်ဦးကျပြီး ခြောက်ဦးဒဏ်ရာရရှိသည်ဟု ဇေယျာလွင်တို့၏ 96‌ Soldiers-PDF က ကြေညာသော်လည်း ရဲတပ်ဖွဲ့ဝင်များ ကျဆုံးဒဏ်ရာရသည်ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း တာဝန်ရှိသူတစ်ဦးက ငြင်းဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *