October 30, 2024

ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက ပစ်ခတ်လုပ်ကြံသွားသည့် ရေကြည်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ရုပ်အလောင်းအား တွေ့ရစဥ်

MT News

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာအုပ်ချုပ်ရေးမှူးအား အောက်တိုဘာ ၁၆ ရက် ည ၆ နာရီဝန်းကျင်ခန့်အချိန်တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

“ည ၆ နာရီလောက်က အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်သတ်သွားတာ ဟုတ်ပါတယ်။ ရွာထဲက ဘီယာဆိုင်ရှေ့မှာ အပစ်ခံရတာပါ။ အမည်မသိတဲ့ အမျိုးသားလူငယ်နှစ်ဦးက အနက်ရောင်ဆိုင်ကလုန်းဆိုင်ကယ် ​စီးလာပြီး သေနတ်နဲ့ပစ်သွားတာပါ” ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ယာဂျိုစောင်း ဖောက်ဝင် ဒါဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဖောက်ဝင် ဒါဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်းနှင့် နန်းတွင်းစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံအရောက် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးအား ပစ်ခတ်သွားသည့် တရားခံနှစ်ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးရမိရေး ကြိုပမ်းနေသော်လည်း မည်သူကပစ်ခတ်သွားပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုသည်ကိုမူ သိရှိရမှုမရှိသေးဘဲ ဖော်ထုတ်ဆဲသာဖြစ်ကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစတင်သည့် SAC ၏ အာဏာထိန်းကျောင်းမှုဖြစ်စဥ်အား NLD ထောက်ခံသူများက တော်လှန်သည်ဟုဆိုကာ NUG ဖွဲ့စည်း၍ PDF များတည်ထောင်ပြီးနောက် ရဟန်းသံဃာ၊ သီလရှင်စသည့် သာသနာ့ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကျေးဝန်ထမ်းများအပါအဝင် ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်း ၄၀၀၀ ကျော်အား သူလျှို၊ ဒလန်ဟုဆိုကာ NUG က လုပ်ကြံသတ်ဖြတ်ထားပြီး လက်ရှိလုပ်ကြံခံရသည့် အုပ်ချုပ်ရေးမှူးမှာမူ NUG ၏ PDF များက လုပ်ကြံခြင်း ဟုတ် မဟုတ် ဝန်ခံထုတ်ပြန်ခြင်း မရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *