၂၄. ၅. ၂၀၂၃
Written By Thandar
ပုဒ်မ ၅၀၅(က) နဲ့ ထောင်သုံးနှစ် ချခံထားရတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ယောက်ဖြစ်ခဲ့တဲ့ အဆိုတော် အီတိုးဟာ လွန်ခဲ့တဲ့ ၄ လ လောက်ကတည်းက ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အီတိုး ပြန်လွတ်တာ ဟုတ်ပါတယ်။ နည်းနည်းတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ၄ လလောက်က ပြန်လွတ်လာတာပါ”လို့ မိသားစုဝင်တစ်ဦးက MT News ကို ပြောပါတယ်။
ဝင်းထွဋ်သော်တာ (ခ)အီတိုးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြိုနယ် (၅) ရပ်ကွက်မှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရပြီးနောက် အဆိုတော် အီတိုးဟာလည်း ၂၀၂၁ စက်တင်ဘာ ၈ ရက်မှာ အဖမ်းခံခဲ့ရတာပါ။ အဲဒီနောက် ၂၀၂၁ အောက်တိုဘာ ၁၉ ရက်မှာ လွတ်ငြိမ်းနဲ့ ခဏ ပြန်လွတ်လာပေမဲ့ ၂၀၂၁ အောက်တိုဘာ ၂၀ ရက်မှာ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်မှာ ပြန်လည် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃ ရက််မှာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းပိုင်းမှာ ပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။
ထောင်ကလွတ်မြောက်လာပြီး လူမြင်ကွင်းထွက်မှုနည်းခဲ့ပေမဲ့ မကြာခင်ရက်ပိုင်းကတော့ ဖခင်ဖြစ်သူ နာမည်ကျော်အဆိုတော်ကြီး ဇော်ဝင်းထွဋ်နဲ့အတူ မိသားစုလိုက် အပြင်ထွက် ဆိုင်ထိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။