October 22, 2024

MT News

Written by Thettant

တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်နေသည့် Facebook Page များအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

​မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားခြင်းမရှိဘဲ Facebook Page တွင် Perfect Money နှင့် B to P Money exchange တို့သည် နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါ Facebook Page များသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျုးလွန်ကြောင်း တွေ့ရှိရ၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်သည်ဟု သိရသည်။

ထို့ပြင် အခြား Facebook Page များဖြစ်သည့် Black Market Rate, USD Exchange Rate, Golda and Forex Trading၊ Gold and Dollar Market Dollar Buyer Seller ဒေါ်လာရောင်းဝယ်သူများ ဆုံစည်းရာ- Dollar Palace၊ Dollar ရောင်းမယ် ဝယ်မယ် တိုက်ရိုက်၊ ရွှေဈေးဒေါ်လာဈေး တိုက်ရိုက် (Gold & Dollar Market)၊ ဒေါ်လာပေါက်ဈေး update YGN MDY ကြိုက်ရောင်း ကြိုက်ဝယ်၊ ယူရို ဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ Euro Dollar Trading, ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၊ ဒေါ်လာစားများနှင့် နိုင်ငံခြား ငွေလိုသူများ ဝယ်ရောင်းရန်၊ ဒေါ်လာ ရောင်းသူဝယ်သူ တိုက်ရိုက် (Dollar Buyer Seller)၊ $ ဒေါ်လာ $ ရောင်း $ ဝယ် တိုက်ရိုက် ($=><=Ks) ၊ ဒေါ်လာ dollar ရောင်းသူဝယ်သူတိုက်ရိုက် (ကြိုက်ရောင်း ကြိုက်ဝယ်)၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများနှင့် ဒေါ်လာ ကြိုက်ရောင်းကြိုက်ဝယ်၊ မြန်မာ့ရွှေ ကမ္ဘာ့ရွှေ Page များသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျုးလွန်ကြောင်း တွေ့ရှိရ၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်မည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *