၂၃. ၅. ၂၀၂၃
Written by Thettant
အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးက ရခိုင်ပြည်နယ်တွင် တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့် ဒုက္ခရောက်သွားသော လေဘေးသင့်ပြည်သူများအတွက် မေလ ၂၃ ရက် နေ့လည် ၂ နာရီတွင် ဆန်အိတ် ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
“ဤကောင်းမှုကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။ သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ။ မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ” ဟုလည်း ဆရာတော်ကြီးက မေတ္တာမျှဝေသည်။
သီတဂူဆရာတော်ဘုရားကြီးအနေဖြင့် အဆိုပါ ဆန်အိတ် ၁၀၀၀ အပြင် ကနဦးကလည်း မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ကျပ်သိန်း ၁၀၀၀ လှူဒါန်းပေးထားပြီး အခြားသောလိုအပ်ရာကူညီမှုများလည်း ဆက်လက်ကူညီပေးနေကြောင်းလည်း သိရသည်။