MT News
Written by Tha Doe
ထိုင်းဘုရင်က ဆိုင်ကလုန်းမိုခါ ဘေးဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများစွာပေးအပ်ခဲ့ပြီး ယနေ့တွင် ရန်ကုန်လေဆိပ်သို့ ပေးပို့မည်ဖြစ်သည်။
မေလ ၂၂ ရက် ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်၊ အမှတ် (၆) လေတပ်ဌာနချုပ်၌ မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် H.M. King Maha Vajiralongkorn Phra Vajiraklaochaoyu-hua၊ မိဖုရား Suthida Bajrasudhabim-alalakshana နှင့် တော်ဝင်မိသားစုမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးအပ်ခြင်းဆိုင်ရာအခမ်းအနား ကျင်းပခဲ့သည်။
ထို အခမ်းအနားသို့ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးကိုယ်စား ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီမှ ကောင်စီအဖွဲ့ဝင် H.E. Mr. Chirayu Isarangkun Na Ayuthaya တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေထံသို့ (က) Canned Mackerel (Roza)- 155 g * 10ea၊ (ခ) Instant Noodles (Mama Cup Tom Yum Kung)- 60 g * 6ea ၊(ဂ) Instant Noodles (Mama Cup Creamy Tom Yum Kung)- 60 g* 6ea၊ (ဃ) Instant Noodles (Jaya Beef)- 5 Packs၊ (င) Potato Chips (Tasto)- 69 g၊ (စ) Cream Wafers (Bitee Orange Flavor) – 100g၊ (ဆ) Cream Wafers (Bitee Coconut Flavor၊ (ဇ) Cream Wafers (Bitee Coconut Flavor) – 100g၊ (ဈ) Cream Wafers (Bitee Chocolate Flavor) – 100g၊ (ည) Sanitary Pads (Laurier Gentle Plus) – 25cm x 14ea၊ (ဋ) Instant Noodles (132 boxes)၊ (ဌ) Canned Fish (36 boxes)၊ (ဍ) Snacks (Potato Chips and Wafers) (188 boxes) တို့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုပစ္စည်းများကို မေ ၂၃ ရက်တွင် C-130 လေယာဉ် ၂ စီးဖြင့် ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်။
ထို့အတူ မေလ ၂၂ ရက် နံနက်ကလည်း ဆိုင်ကလုန်းမိုခါဘေးအန္တရာယ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပေးအပ်ခဲ့ပြီး လှူဒါန်းပစ္စည်း (၃၇၀၆၆.၉၈ ပေါင် / ၁၆.၅၅ တန်) စာရင်းအား လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။